Homeမြန်မာသတင်း
ခွင့်မပြုဆိုးဆေးပါ သကြားလုံး၊ချိုချဉ်နှင့်ဝေဖာ ၁၁ မျိုးကိုစားသုံးရန်မသင့်ကြောင်းကြေညာ
ခွင့်မပြုဆိုးဆေးပါ သကြားလုံး၊ချိုချဉ်နှင့်ဝေဖာ ၁၁ မျိုးကိုစားသုံးရန်မသင့်ကြောင်းကြေညာ
ပိုင်စိုး
·
July 18, 2017
စာသင်ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ ခွင့်မပြုဆိုးဆေးပါ သကြားလုံး၊ချိုချဉ်နှင့်ဝေဖာ ၁၁ မျိုးကို အများပြည်သူ စားသုံးဖို့ မသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
စားသုံးဖို့ မသင့်ကြောင်း ထုတ်ပြန်ထားတဲ့ အစားအစာ အမျိုးအစားတွေထဲမှာ အာနီလျှာနီပြာ၊ ဘောလုံးပုံ သကြားလုံး၊ တုတ်ထိုးသကြားလုံး၊ ဖော့ချောင်းဝေဖာ၊ ရေခဲမုန့်ခွက်ဝေဖာ (ပန်းရောင်)၊ တုတ်ထိုးချိုချဉ်(အနီရောင်)၊ တုတ်ထိုးချိုချဉ်(အ၀ိုင်း)၊ ဝေဖာလုံး(ရောင်စုံ)၊ တရုတ်စာတန်းပါ ရောင်စုံဝေဖာလုံး၊ ရုပ်စုံပါ မလိုင်ခဲ (ရောင်စုံ)၊ ရုပ်စုံပါ မန်ကျည်းပြား တို့ပါဝင်ပါတယ်။
အစားအသောက် ထုတ်လုပ်ရောင်းချသူတွေအနေနဲ့ ခွင့်မပြုတဲ့ ဆိုးဆေးတွေကို လုံးဝသုံးစွဲတာ မလုပ်ဖို့နဲ့ မလိုက်နာပါက အစားအသောက် ဥပဒေပုဒ်မ ၂၁(က)နဲ့ အရေးယူခံရမယ်လို့လည်း သက်ဆိုင်ရာက သတိပေးကြေညာထားပါတယ်။
ဓာတ်ပုံ- MOI