Home အနုပညာ ရေခဲပန်းပုရုပ်ပွဲတော် မြန်မာပြည်တွင် ပထမဆုံးအကြိမ်ကျင်းပ
ရေခဲပန်းပုရုပ်ပွဲတော် မြန်မာပြည်တွင် ပထမဆုံးအကြိမ်ကျင်းပ
ice world ygn ice world ygn မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရေခဲပန်းပုရုပ်ပွဲတော်ကို တရုတ်ရေခဲပန်းပု ဒီဇိုင်းပညာရှင်တွေ အကူအညီနဲ့  ရန်ကုန်မြို့က ကန်တော်ကြီး ပန်းခြံဥယျာဉ်မှာ ကျင်းပနေပါတယ်။
ဒီပွဲတော်အတွက် တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဟာဘင်ဒေသက ရေခဲ ပန်းပု ပညာရှင်တွေက ၇ လလောက် အချိန်ယူ ပြင်ဆင်ပြီး ထုလုပ်ကာ ကမ္ဘာ့ အထင်ကရ နေရာတွေရဲ့ ပုံတူ ရေခဲပန်းပုရုပ်တွေကို အအေးခန်းထဲမှာ မီးအလှတွေဆင်ပြီး ပြသထားပါတယ်။
ဒီပွဲကို စိတ်ဝင်စားပြီး လာကြည့်သူတွေကတော့ အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ်လောက် အေးခဲနေတဲ့ ပြပွဲခန်းမထဲကို ၀င်ရောက်ကြည့်ရှုခဲ့ကြပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြပါတယ်။ တချို့အလည်လာသူတွေနဲ့ ကလေးငယ်တွေ ဆော့ကစားဖို့ အတွက်လည်း ရေခဲနဲ့ လုပ်ထားတဲ့ စီးလျှောတွေလည်း ပြုလုပ်ထားပါတယ်။ ပန်းခြံကတော့ အလည်လာသူတွေအတွက် မိုးကာကုတ်အင်္ကျိတွေ ပံ့ပိုးပေးထားပါတယ်။
တရုတ်နိုင်ငံအခြေစိုက် ကျန်ဇီလောင်ဒိုင် ယဉ်ကျေးမှု ကုမ္ပဏီနဲ့  အာရှမြန်မာ ကွန်ဆိုတီယမ်ဖွံ့ဖြိုးမှု ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး ပန်းပုရုပ်တုတွေအတွက် ရေခဲတန်ချိန် ၂၀၀၀ လောက် အသုံးပြုထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ ပုံမှန်အားဖြင့် တနှစ်ပတ်လုံး ၃၀ ဒီဂရီစင်တီဂရိတ်လောက် အပူချိန်ရှိတဲ့ အပူပိုင်းဒေသမှာတည်ရှိတာဖြစ်လို့  ခုလို ရေခဲ ပန်းပုတွေမြင်တွေ့ ရတာ ဟာ ရှားရှားပါးပါးဖြစ်ပါတယ်။ ရေခဲ ပန်းပုရုပ်ပွဲတော်ကို ပြီးခဲ့တဲ့ စနေနေ့ ကစတင်ပြီး ၂ လ ကြာ ဖွင့်လှစ်ထားမယ်လို့  သိရပါတယ်။
ဆက်စပ်သတင်းများ