Home
မြန်မာသတင်း
မိုးကောင်းတွင် ကျပ်သိန်း ၅၀ နီးပါးတန်ဖိုးရှိ ဘိန်းမည်းထုပ်များ ဖမ်းမိ
DVB
·
July 17, 2017
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပြွန်သုံးလုံးကျေးရွာမှာ ကာလတန်ဖိုး ကျပ်သိန်း ၅၀ နီးပါးရှိ ဘိန်းမည်းထုပ်တွေကို ဇူလိုင် ၁၆ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ဝင်းက ပြောပါတယ်။ ဇူလိုင် ၁၆ ရက်နေ့ ည ၇ နာရီအချိန် မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်ရဲအုပ်ဇော်ဝင်းက သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ ပြွန်သုံးလုံးကျေးရွာနေ ဦးမျိုးညွှန့် နေအိမ်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ မူးယစ်ဆေးဝါး ဝရမ်းအမှတ် (၈၃/၂၀၁၇) နဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အိမ်ရှင် ဦးမျိုးညွန့် ထွက်ပြေးသွားပြီး ဆက်လက်ရှာဖွေရာ နေအိမ်အနောက်ဘက် ဝက်ခြံတဲအနီးမှာ ရပ်ထားတဲ့ ဆိုင်ကယ်တူးဘောက်အတွင်းမှာ ပလတ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ ဘိန်းမည်း အညိုရောင်အစေး ၁၃၅၀ ဂရမ်ခန့်ပါ ၁ ထုပ်ကို ကာလတန်ဖိုး ကျပ်သိန်း ၂၇၀၀,၀၀၀၊ အနက်ရောင် ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ ဘိန်းမည်း အညိုရောင်အစေး ၁၁၀၀ ဂရမ်ခန့်ပါ ၁ ထုပ် ကာလတန်ဖိုး ကျပ်သိန်း ၂၂၀၀,၀၀၀၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၄၉၀၀,၀၀၀၊ နေအိမ်အပေါ်ထပ် ရေအိုးစဉ်ပေါ်မှာ ဘိန်းဖြူ ဖြူ/ဝါမှုန့်တွေ ကပ်ငြိနေတဲ့ ပင်နယ်ဆလင်ပုလင်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်ဝင်းက ပြောပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ မိုးကောင်းမြို့နယ် ပြွန်သုံးလုံးကျေးရွာ နေသူ ဦးမျိုးညွန့်ကို  မိုးကောင်းမြို့မရဲစခန်းက မူးစိတ်ပုဒ်မ ၁၉(က)/၂၁/ကျင့်၅၁၂ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024