ရန်ကုန်-နေပြည်တော် အဆန်ရထား ဘီးချော်မှုဖြစ်
DVB
·
July 17, 2017
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ ဇူလိုင် ၁၇ ရက် မနက် ၁ နာရီလောက်က အမှတ် (၇) အဆန် ရန်ကုန် - နေပြည်တော်ရထား ဘီးချော်ကျမှုဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်မှ နေပြည်တော်ကို ဦးမောင်ဇော်၊ စက်ခေါင်းအကူ ဦးကျော်လှိုင်၊ ရထားထိန်း ဦးမြင့်သိန်း တို့မောင်းနှင်လာတဲ့ အမှတ် (၇) အဆန် ရန်ကုန်-နေပြည်တော် အမြန်ရထားဟာ ညောင်လေးပင်ဘူတာနဲ့ တော်ဝိဘူတာကြားမှာ အတွဲအမှတ် BTUE-12306၊ အထက်တန်းတွဲ (၄)၊ တွဲဆိုင်းရဲ့ ဘီးအမှတ် ၃၊၄ ဟာ အပြင်ဘက်နဲ့ ဘီးအမှတ် ၅၊၆ ဟာ အတွင်းဘက်ကို ချော်ကျသွားခဲ့တာဖြစ်ပါတယ်။
ရထားတွဲဘီးချော်ကျခဲ့အတွက် ရထားစီးခရီးသွားတွေ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကျန်နေတဲ့ တွဲဆိုင်းတွေကို ချိတ်ဆက်ပြီး မနက် ၇ နာရီမှာ ဆက်လက်ထွက်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်