ကျောက်ပန်းတောင်းမီး လူ ၁ ဦး သေဆုံး

2.4K
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဒီမနက် အရုဏ်မတက်ခင် မီးလောင်မှုကြောင့် အသက်ခြောက်ဆယ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အိမ် ၁၀ လုံး လောင်ကျွမ်းသွားတယ်လို့ မျက်မြင်မြို့ခံတဦးက ပြောပါတယ်။
တောင်ပြင် ၁ ရပ်ကွက်ရှိ ဒေါ်ဒေါင်းနေအိမ်ကနေ မနက် ၄ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အိပ်ခန်းထဲ ဂျက်ချပြီး အိပ်တဲ့ ဒေါ်ဒေါင်း မီးလွတ်ရာကို ထွက်မပြေးနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ပါတယ်။
သားဖြစ်သူကလည်း အခန်းထဲက သူ့အမေကို သယ်ထုတ်ဖို့ ကြိုးစားတုန်း အခန်းဝမှာ ထုတ်တန်းပိမိပြီး ဒဏ်ရာရလို့ ဆေးရုံတက်နေရတယ်လို့ ဆိုပါတယ်။
လောင်ကျွမ်းတဲ့ အိမ်ခြေအများစုဟာ သက်ကယ်မိုး၊ ထရံကာအိမ် အများစုဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးဘူးလို့ မျက်မြင်မြို့ခံက ပြောပါတယ်။
သေဆုံးသူ ဒေါ်ဒေါင်းဟာ ဆေးလိပ်သောက်တတ်သူဖြစ်တာကို အကြောင်းပြုပြီး ဆေးလိပ်မီးကနေ မီးလောင်မှုစတင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
မီးသတ်ဌာနက လာရောက်ငြိမ်းသတ်ခဲ့ပြီး နာရီဝက်ခန့်အကြာမှာ ငြိမ်းသွားတယ်လို့ ဆိုပါတယ်။ မီးသတ်ဌာနကလည်း ဘာကြောင့် လောင်ကျွမ်းတယ်ဆိုတဲ့ ဇစ်မြစ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
မီဘေးဒုက္ခသည်တွေကို ရပ်မိရပ်ဖတွေ၊ နိုင်ငံရေးပါတီတွေက ကူညီနေရာ ချထားပေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။