တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေးဆွေးနွေး ( ဓာတ်ပုံ)
DVB
·
July 17, 2017
လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးနဲ့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အခမ်းအနားကို ဒီကနေ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂက ကြီးမှူးပြီး မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့ မေတ္တာစံအိမ်ခန်းမမှာ ကျင်းပပါတယ်။
အခမ်းအနားမှာ စာရေးဆရာမ နှင်းပန်းအိမ်၊ ဆရာမာန်တောင်လုံးပြန်၊ ဦးမာကီး (၈၈ မျိုးဆက်)၊ ဒေါ်စုစုနွေး (မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ)နဲ့ တောင်သူလယ်သမားတွေ တက်ရောက် ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်