DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ရာထူးပြောင်း
DVB
·
February 28, 2012
မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ရာထူးပြောင်း
Donate to DVB

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

[caption id="attachment_21843" align="alignleft" width="300" caption="ဦးဖုန်းဇော်ဟန် (ဓာတ်ပုံ မောင်ဘဦး- မန္တလေး)"][/caption]

အလားတူ မန္တလေးတိုင်းအစိုးရ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးအောင်မောင်းကိုတော့ မန္တလေး မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ပါတယ်။

အခုလို ၀န်ကြီးဌာနတွေ ပြောင်းလဲခန့်အပ်တာဟာ ပြည်ထောင်စုသမ္မတ ဦသိန်းစိန် အမိန့်နဲ့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေ ကြေညာထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှာ တရားဟောဖို့အတွက် စည်ပင်သာယာပိုင် အောင်ပင်လယ်ကွင်းကို ခွင့်ပြုပေးထားပါတယ်။

မန္တလေးမြို့မှာ မြို့တော်ဝန် အပြောင်းအလဲ ဖြစ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဟောမယ့်နေရာနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲ ရှိ မရှိဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“အဟောင်းနဲ့အသစ်နဲ့ အပြောင်းအလဲ ဖြစ်တယ်လို့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက် ဘာမှမထူးပါဘူး၊ အကြောင်းမကြားပါဘူး။”

မန္တလေးဒေသခံတွေကတော့ ဦးဖုန်းဇော်ဟန်ဟာ ယခင်မန္တလေးတိုင်းမှူး လုပ်သွားခဲ့ပြီး အနားပေးခံလိုက်ရတဲ့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်နဲ့ အလွဲသုံးစား ပတ်သက်မှုတွေ ရှိခဲ့တဲ့ အတွက် သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ မြို့ခံက ပြောပါတယ်။

“တနင်္သာရီတိုင်းက ခင်ဇော်က တိုင်းမှူးဘ၀ထဲက ပတ်သက်သွားတာတွေက မြို့တော်ဝန်ကိုလည်း ဆော်မယ်ဆိုပြီး အသံတွေ ထွက်လာတယ်။ ဒါပေမယ့် ခင်ဇော်ကတော့ ပြုတ်သွားတယ်။ မြို့တော်ဝန်ကတော့ သိသိသာသာ မီဒီယာတွေမှာ မပါသလောက်ကို ဖြစ်သွားတယ်။ ရတနာပုံတို့၊ မန္တလေးနေ့စဉ်တို့၊ ဂျာနယ်တွေမှာဆိုလည်း မြို့တော်ဝန်သတင်းကို ကာဗာလုပ်တာကို တွေ့ရတယ်။ ဒါပေမယ့် အဲဒါဖြစ်ပြီး နောက်ပိုင်း မပါတော့ဘူး။”

မြို့တော်ဝန်သစ် ဦးအောင်မောင်းဟာ မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013