၈၈ မျိုးဆက်ပါတီ ၉လတွင်း မှတ်ပုံတင်ရအောင် ဆောင်ရွက်မည်
ဇေယျာချမ်းအေး
·
July 17, 2017
၈၈ မျိုးဆက်ကို အခြေခံမယ့် နိုင်ငံရေးပါတီကို ၆ လကနေ ၉ လအတွင်း မှတ်ပုံတင်ရအောင် ဆောင်ရွက်သွားမယ်လို့ ပါတီဖြစ်မြောက်ရေး စီစဉ်နေသူတွေက ပြောပါတယ်။
ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းတဲ့ အခမ်းအနား သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးအခြေခံကောင်းရအောင် နိုင်ငံရေးပါတီထောင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။
နှစ်ပေါင်း ၃၀ ကျော် ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ဝန်းရံခဲ့ပြီး ဖြစ်တယ်လို့လည်း ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုပါတယ်။
ပါတီကိုခေါင်းဆောင်မယ့်သူတွေကို ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ ရွေးချယ်သွားမယ်၊ ပါတီနာမည်ကိုတော့ အများသဘောထားနဲ့ မဲပေး ရွေးချယ်သွားမယ်လို့ သိရပါတယ်။