Home
မြန်မာသတင်း
မြိတ်တွင် ဓာတ်ဆီဆိုင် မီးလောင်ကျွမ်းမှုကြောင့် ၁ ဦး သေဆုံး (ရုပ်သံ)
DVB
·
July 16, 2017
မြိတ်မြို့၊ ကျောက်ဖြူတောင်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်တဆိုင်မှာ ဇူလိုင် ၁၆ ရက်နေ့က မီးလောင်းမှု ဖြစ်ပွားခဲ့လို့ လူတဦး သေဆုံးခဲ့ပါတယ်။ ကျောက်ဖြူတောင်ကျေးရွာ၊ ကျောင်ဖြူတောင်လမ်းဆုံအနီးမှာ ရောင်းချနေတဲ့ သော်တာအမည်ရှိ စက်သုံးဆီ အရောင်းဆိုင်မှာ ထန်ထန်လောင်စာဆီ ရောင်းဝယ်ရေးမှ ဆီဘောင်ဆာကားကြီး ဆီလာရောက်ဖြည့်နေစဉ် နေ့လယ် ၁၂ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ရပြီး တူဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်လူအေး မီးလောင်ကျွမ်းခံရပြီး သေဆုံးခဲ့တယ်လို့ ပိုင်ရှင်ဖြစ်သူ ဦးဝင်ကိုက ပြောကြားပါတယ်၊ “ဘာကြောင့် လောင်ကျွမ်းခဲ့သလဲဆိုတာ စစ်ဆေးနေတုန်းပါ။ ဆီဘောက်ဆာ ကားမောင်းတဲ့သူကိုလည်း ဖြစ်စဉ်မေးမြန်းဖို့ ခေါ်ယူထားပါတယ်။ လက်ရှိအနေထားမှာ စိစစ်နေဆဲ ရှိပါသေးတယ်” လို့ မြိတ်မြို့နယ် မြို့နယ် ရဲမှူး ဦးအေးဝင်းက ပြောကြားပါတယ်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာကို မြို့နယ်မီး သတ်တပ်ဖွဲ့နဲ့ ရပ်ကွက်အသီးသီးမှမီးသတ်ကား ၁၀ စီး၊ ရေသယ်ကားတွေနဲ့ ဒေသခံတွေ ၀ိုင်းဝန်းငြိမ်း သတ်ခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “ဆီဘောင်ဆာကနေ ဆီဖြည့်နေတဲ့အချိန်မှာ ဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်စဉ်အတိအကျ သိရှိဖို့လိုပါတယ်။ မီးကတော့ နေ့လယ် ၁ နာရီကျော်လောက်မှာ ငြိမ်းနိုင်ခဲ့ပါ တယ်။” ဓာတ်ဆီဆိုင်တဆိုင်လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024