Home
မြန်မာသတင်း
ရန်ကုန်ကလေးဆေးရုံကြီးတွင် ရင်ချင်းဆက်အမြွှာ ၂ ဦးကို စတင်ခွဲစိတ်
DVB
·
July 16, 2017
baby5
baby4
baby3
baby2
baby1
baby
ရန်ကုန်ကလေး ဆေးရုံကြီးမှာ ရင်ချင်းဆက်အမြွှာနှစ်ဦးကို ဇူလိုင် ၁၆ ရက်နေ့ မနက် ၉ နာရီမှာ စတင်ခွဲစိတ်နေပါတယ်။ ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနဲ့ စိုင်းငင်း ကလေးငယ်နှစ်ဦးမှာ ကျိုင်းတုံမြို့နယ် ဝမ်ဟုတ်ကျွေးရွာမှ ဦးစိုင်းအောင်နဲ့ ဒေါ်နမ်းခမ်းနမ်းတို့ရဲ့သားတွေဖြစ်ပြီး အသက်အရွယ်မှာ ၂ နှစ်နဲ့ ၄ လရှိပြီဖြစ်ပါတယ်။ ကလေးငယ်နှစ်ဦးဟာ အသည်းချင်းထိဆက်နေတာဖြစ်ပြီး တစ်ခြားသော ကိုယ်တွင်းအဂါင်္တွေကတော့ သီးခြားစီရှိနေတာပါ။ ခွဲစိတ်မှုကိုတော့ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးတွေ၊ မေ့ဆေးအထူးကုဆရာဝန်ကြီး အပါအဝင် မေ့ဆေးပညာအဖွဲ့၊ သူနာပြုဆရာမကြီးတွေနဲ့ သူနာပြုအဖွဲ့တွေက တာဝန်ယူ ခွဲစိတ်နေတာဖြစ်ပါတယ်။ အခု ရင်ချင်းဆက်အမြွှာခွဲစိတ်မှုဟာ ရန်ကုန်ကလေးဆေးရုံကြီးမှာ အဋ္ဌမအကြိမ်မြောက် ခွဲစိတ်ကုသမှုဖြစ်ပြီး အရင်က ခွဲစိတ်ခဲ့တဲ့ ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှု အားလုံးဟာ အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ဆုဆုသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024