DVB Logo
Home
မြန်မာသတင်း
၅၀၀၀ တန်ဖုန်း​ကတ် ရရှိ​ရေး​ ​ဆောင်ရွက်သူ အ​ယောက် ၂၀ ထိန်း​သိမ်း​ခံရ
DVB
·
February 28, 2012
၅၀၀၀ တန်ဖုန်း​ကတ် ရရှိ​ရေး​ ​ဆောင်ရွက်သူ အ​ယောက် ၂၀ ထိန်း​သိမ်း​ခံရ
Donate to DVB

တောင်ဒဂုံမြို့​နယ် အမှတ် ၇၀ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ရုံး​မှာ လူထုအကြား​ ငါး​ထောင်တန်ဖုန်း​ကတ် ရရှိ​ရေး​ စာရွက်ဖြန့်​ဝေသူ အ​ယောက် ၂၀ ကို ထိန်း​သိမ်း​ထား​တယ်လို့​ အဲဒီရုံး​ထဲ​ရောက်​နေတဲ့​ ကိုထင်​ကျော်က ​ပြောပါတယ်။

“ကျ​နော်တို့​ ​တောင်ဒဂုံရပ်ကွက် အုပ်ချုပ်​ရေး​မှူး​ရုံး​ရောက်​နေတယ်။ ကျ​နော်တို့​အား​လုံး​ တား​ခံထား​ရတယ်။ အခု ကျ​နော်တို့​ ရုံး​ထဲမှာပိတ်ခံထား​ရတယ်။ ကျ​နော်တို့​ ခွင့်​ပြုချက်မရှိဘဲ လုပ်တယ်​ပေါ့​ဗျာ။ အဲဒီအတွက် လက်မှတ်ထိုး​ ခိုင်း​ထား​တယ် ပထမပိုင်း​မှာ။”

ကိုထင်​ကျော်အပါအဝင် ကုန်​ဈေး​နှုန်း​ကျဆင်း​ရေး​ အင်အား​စုဝင်​တွေဟာ ဒီမနက်ပိုင်း​က လှိုင်သာယာမီး​ခွက်​ဈေး​၊​ ​တောင်ဥက္ကလာပမြို့​နယ် နန္ဒဝန်​ဈေး​နဲ့​ ​မြောက်ဥက္ကလာမြို့​နယ်​တွေမှာ ၅၀၀၀ ကျပ်ဖုန်း​ကတ်ဟာ ပြည်သူ​တွေ ကုန်​ဈေး​နှုန်း​ ကျဆင်း​ရေး​ကို အ​ထောက်အကူပြုတဲ့​အတွက် သုံး​ခွင့်​ပြု​ရေး​ စတာ​တွေကို ​ဟော​ပြောတာ၊​ လက်ကမ်း​စာ​စောင် ဖြန့်​ဝေတာ​တွေ လုပ်ခဲ့​ပါတယ်။

တောင်ဒဂုံမှာ အဖမ်း​ခံရတဲ့​ ​ဒေါ်ခင်​အေး​က “လက်မှတ်ထိုး​ခိုင်း​တာက​တော့​ ရဲက ထိုး​ခိုင်း​တာပါ၊​ ​တောင်ဒဂုံစခန်း​မှူး​ ဦး​ဌေး​ဝင်း​က ထိုး​ခိုင်း​တာပါ။ ကျမလည်း​ စာဖတ်ကြည့်​တော့​ ဝန်ခံကတိပြုပါသည်။ ဒီစာ​တွေ​ဝေတဲ့​ကိစ္စနဲ့​ပတ်သက်လို့​ သူတို့​ခွင့်​ပြုချက်မရှိဘူး​ပေါ့​။ ကုမဏီအသင်း​အဖွဲ့​ စတာ​တွေ ခွင့်​ပြုချက်ရှိမှသာလျင် ​ဝေနိုင်တယ်လို့​ ​ရေး​ထား​ပါတယ်။ ဒါ့​ကြောင့်​ အမ်ဒီစီအက်ဖ်ဆိုတဲ့​ ကုန်​ဈေး​နှုန်း​ကျဆင်း​ရေး​အင်အား​စုဆိုတဲ့​ အဖွဲ့​လက်မှတ်ပါတယ်။ ဒါ​ကြောင့်​ အမ်ဒီစီအက်ဖ် ​ခေါင်း​ဆောင် ကိုထင်​ကျော်ကို​ခေါ်မယ်ဆိုပြီး​ ​ခေါ်ရာက ကိုထင်​ကျော်ကိုပါ တား​မြစ်ခံရတာဖြစ်ပါတယ်။ အထက်လူကြီး​ကို ​စောင့်​နေလို့​ ဆိုပြီး​ ​စောင့်​ဆိုင်း​နေကြဆဲဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။

ဒီလိုတား​မြစ်မှုအ​ပေါ် ကိုထင်​ကျော်က “ဒီအ​ခြေခံဥပ​ဒေကို သူတို့​ကိုယ်တိုင်ချိုး​ဖောက်​နေတယ်ဆိုတာ ကမ္ဘာသိ​အောင် လုပ်ရမယ်။ သူတို့​ပြဋ္ဌာန်း​ထား​တဲ့​ အ​ခြေခံဥပ​ဒေကို သူတို့​မ​လေး​စား​ဘူး​၊​ မလိုက်နာဘူး​။ အခု ကျ​နော်တို့​ လုပ်ရမယ့်​ကိစ္စ​တွေကို တား​ဆီး​ခံ​နေရတယ်။ သူတို့​ရေး​ဆွဲထား​တဲ့​ အခန်း​ (၂) ပုဒ်မ (၃၅၄) နိုင်ငံသား​ပိုင်ခွင့်​ကို ကျ​နော်တို့​ ချိုး​ဖောက်ခံ​နေရတယ်။ ကျ​နော်တို့​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​လုပ်​နေတာ” လို့​ ​ပြောပါတယ်။

“မြို့နယ်မှူးနဲ့ ရဲစခန်းမှူးနဲ့ ရောက်လာပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် ပါမစ်မပါတဲ့အတွက် ဝေငှခွင့်မပြုနိုင်ဘူးလို့ ပြောတယ်။ အခြေခံဥပဒေကို ကျနော်တို့က ရှင်းပြတဲ့အခါကျတော့ သူက မြို့နယ်အုပ်ချုပ်ရေးမှူးဆီ သတင်းပို့ပေးဖို့ ပြောတယ်။ ကျနော်တို့က ဒါကို အသိပေးလို့ရတယ်။ ခွင့်ပြုချက်တောင်းစရာ မလိုဘူး။ ဒါဟာ နိုင်ငံသား ရပိုင်ခွင့် ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါနဲ့ မြို့နယ် မရက ရုံးသွားတဲ့အခါကျတော့ လက်ထောက်တွေနဲ့ပဲ တွေ့တဲ့အခါကျတော့ စာတွေပေးတော့ သူတို့က လက်မခံဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားတာပေါ့ဗျာ။”

သူတို့ရဲ့လှုပ်ရှားမှုကို လာမယ့်ရက်ပိုင်းတွေမှာလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ ကုမ္ပဏီတခုက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅,၀၀၀ နဲ့ ရောင်းပေးမယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကြောင့် အစိုးရထုတ်ရောင်းနေတဲ့ ဈေးထက် အဆ ၁၀၀ လောက်သက်သာစေမယ်၊ လူတိုင်း ကိုင်နိုင်မယ်ဆိုပြီး လူထုအကြား ဒီသတင်း ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေးကတော့ ဒီလိုဖြန့်ချိဖို့ဆိုတာ တည်ဆဲဥပဒေတွေအရဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013