A d v e r t i s e m e n t With Us

ညောင်လေးပင်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ဇူလိုင် ၁၅ ရက် မနက် ၆ နာရီက ယာဉ်တိုက်မှု ဖြစ်ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ပိန်းဇလုပ်နယ်မြေရဲစခန်းက ပြောပါတယ်။ ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၁၀၆/၃ ထောနွတ်ကျေးရွာအနီးမှာ မန္တလေးကနေ ရန်ကုန်ဘက်ကို ဦးညိုလင်း မောင်းနှင်လာတဲ့ ကားနဲ့ ရန်ကုန်ကနေ မန္တလေးကို စန်းလွင်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ ပိန်းဇလုပ်နယ်မြေစခန်းက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် စန်းလွင်ဦးမှာ ရရှိတဲ့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပိန်းဇလုပ်နယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးညိုလင်းဦးနဲ့ စန်းလွင်ဦးတို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က)နဲ့  အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up