ဒုက္ခသည်များ​ထံ အကူအညီ​ရောက်​ရေး​ ၈၈ မျိုး​ဆက်များ​ လိုလား

စစ်​ဘေး​သင့်​ပြည်သူ​တွေထံကို အ​ထောက်အပံ့​တွေ ​ချော​ချော​မွေ့​မွေ့​ရောက်ဖို့​ သက်ဆိုင်ရာ အဖွဲ့​အစည်း​အသီး​သီး​က ပူး​ပေါင်း​ကူညီ​ဆောင်ရွက်​ပေး​ရေး​ကို လိုလား​ကြောင်း​ ကချင်ပြည်နယ်ကို ​ရောက်ရှိ​နေတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​အဖွဲ့​က ​ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ မြစ်ကြီး​နား​မြို့​က​နေ ဒီ​နေ့​ ထုတ်ပြန်တဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​တာဖြစ်ပြီး​ အခုဖြစ်​နေတဲ့​ ပဋိပက္ခ​တွေကို ​ဖြေရှင်း​ဖို့​နဲ့​ တိုင်း​ရင်း​သား​ ညီအစ်ကို​မောင်နှမ​တွေရဲ့​ အနာဂတ်လူမှုဘဝ လုံခြုံဖွံ့​ဖြိုး​တိုး​တက်​ရေး​တွေဟာ လက်ငင်း​ဆောင်ရွက်ရမယ့်​ ပြဿနာ​တွေဖြစ်တယ်လို့​ ​ရေး​ထား​ပါတယ်။ လွတ်လပ်ခြင်း​၊​ တရား​မျှတခြင်း​နဲ့​ တန်း​တူညီမျှခြင်း​တွေကို အာမခံချက်ရှိတဲ့​ ပြည်​ထောင်စုဖြစ်ဖို့​နဲ့​ နိုင်ငံ​ရေး​ပဋိပက္ခ​တွေ​ကြောင့်​ဖြစ်ရတဲ့​ ပြည်တွင်း​စစ်ကိုရပ်ဖို့​ ငြိမ်း​ချမ်း​ရေး​ကို ​ရှေး​ရှုတဲ့​ နိုင်ငံ​ရေး​ညှိနှိုင်း​ဆွေး​နွေး​မှု အမြန်ဆုံး​လုပ်​ဆောင်ဖို့​ အ​လေး​အနက် ဆန္ဒပြတယ်လို့​ ​ဖော်ပြထား​ပါတယ်။ ကချင်ပြည်နယ်မှာ ကချင်အမျိုး​သား​တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ အစိုး​ရတပ်အကြား​ အပစ်အခတ်ရပ်စဲ​ရေး​ ပျက်ပြီး​ မနှစ်နှစ်လယ်ပိုင်း​မှာ တိုက်ပွဲ​တွေပြန်ဖြစ်ပါတယ်။ ဒီတိုက်ပွဲ​တွေရဲ့​ ဆိုး​ကျိုး​ရလဒ်အဖြစ် စစ်​ပြေး​ဒုက္ခသည် ၆၀,၀၀၀ ​လောက် ထွက်​ပြေး​တိမ်း​ရှောင်​နေကြရပြီး​ အမျိုး​သမီး​နဲ့​က​လေး​သူငယ်က အများ​ဆုံး​လို့​ ဒုက္ခသည်ကူညီ​ရေး​အဖွဲ့​တွေက ​ပြောပါတယ်။ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် မင်း​ကိုနိုင်အပါအဝင်၁၆ ဦး​အဖွဲ့​ဟာ အခုလ ၂၃ ရက်​နေ့​က မြစ်ကြီး​နား​မြို့​ကို ​ရောက်ရှိ​နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up