DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ရဟန်း​တပါး​ ​ကျောင်း​က နှင်ထုတ်ခံရ
DVB
·
February 27, 2012
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ရဟန်း​တပါး​ ​ကျောင်း​က နှင်ထုတ်ခံရ
Donate to DVB

လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ မကြာခင်ကမှ ပြန်လည်လွတ်​မြောက်လာတဲ့​ ရဟန်း​တော်တပါး​ကို သံဃမဟာနာယကအဖွဲ့​က ​ကျောင်း​ကနှင်ထုတ်လိုက်ပါတယ်။

အကျဉ်း​ထောင်က ပြန်လည်လွတ်​မြောက်လာတဲ့​ ရန်ကုန် ဗဟန်း​မြို့​နယ် လိပ်ပြာကန်တိုက် အလယ်​ကျောင်း​က ဦး​ဇင်း​ ဦး​ဃောသိတကို ​ကျောင်း​အတွင်း​ တရား​မဝင် ဝင်​ရောက်​နေထိုင်မှုနဲ့​ အဲဒီ​ကျောင်း​ထိုင်ဆရာ​တော်က နိုင်ငံ​တော် သံဃမဟာနာယကကို တိုင်ကြား​တဲ့​အတွက် သံဃမဟာနာယက​နေ ​ကျောင်း​က ထွက်ခွာဖို့​ ညွှန်ကြား​လာတာပါ။

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ဦး​ဃောသိတက​တော့​ သူဟာ ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ဇောတိကဟာ ​ကျောင်း​ပိုင်​မြေ​တွေ ​ရောင်း​စား​တာကို ​ပြောဆိုတဲ့​အတွက် အခုလို သံဃမဟာနာယကကို တင်ပြီး​တော့​ မတရား​ နှင်ထုတ်ခံရတာပါလို့​ မိန့်​ကြား​ပါတယ်။

“ဒီ​ကျောင်း​မှာ ဦး​ဇင်း​က ၂၀၀၆ ထဲက​နေလာတာ၊​ ၂၀၀၉ မှာ ဦး​ဇင်း​ကို ထိုင်ဝမ်အဖွဲ့​က​နေ အကျွတ်အလွတ်ပွဲ​တော်ဆိုပြီး​ ပင့်​တယ်၊​ နာဂစ်အပြီး​မှာ​ပေါ့​။ အဲဒီက​နေ ပြန်လာပြီး​တော့​မှ ဦး​ဇင်း​ကို ၁၃/၁၊​ ၁၇/၁၊​၂၄/၁ တို့​နဲ့​ဆွဲပြီး​တပ်​တော့​ ဦး​ဇင်း​ထောင်ထဲ​ရောက်သွား​တယ်။ ​ထောင်ထဲမှာ ၂ နှစ်ခွဲ​လောက်​နေခဲ့​ရတယ်။ အခုလွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ဦး​ဇင်း​ပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီး​နောက်ပိုင်း​ ​ကျောင်း​မှာစာချတယ်။ ​ကျောင်း​တိုက်​ရောက်တဲ့​အခါမှာ ​ကျောင်း​ထိုင်ဆရာ​တော်က နိုင်ငံ​တော်ပိုင်၊​ သံဃာ့​အဖွဲ့​ပိုင် ​ကျောင်း​မြေ​တွေကို ​ရောင်း​စား​တယ်။ အခြား​ကျောင်း​က​နေပြီး​ ဦး​ဇင်း​တို့​ပိုင်တဲ့​ကျောင်း​ထဲကို ဝင်​ဆောက်တယ်။ ​ဆောက်တဲ့​အခါကျ​တော့​ တိုင်း​နာယက​တွေကို ဦး​ဇင်း​က တား​မြစ်စာပို့​လိုက်တယ်၊​ တိုင်း​နာယက​တွေက တား​မြစ်စာထုတ်​ပေး​တယ်။ ​ကျောင်း​ဘုန်း​ကြီး​နဲ့​ ​ရောင်း​တဲ့​ဘုန်း​ကြီး​နဲ့​က ​ပေါင်း​ပြီး​တော့​ မဟနကို သွား​တယ်။ မဟနမှာ ဘယ်လိုနည်း​နဲ့​ လုပ်ခဲ့​လည်း​တော့​မသိဘူး​။ ဦး​ဇင်း​ကို မဟန က​နေပြီး​တော့​ ၃ ရက်အတွင်း​ ဒီ​ကျောင်း​တိုက်က​နေ ထွက်​ပေး​ရမယ်ဆိုပြီး​ အမိန့်​စာ​ရောက်လာတယ်။”

ဦး​ဃောသိတဟာ လိပ်ပြာကန်တိုက် အလယ်​ကျောင်း​က စာချကိုယ်​တော် တပါး​လည်း​ဖြစ်ပါတယ်။ ​ကျောင်း​က နှင်ထုတ်ခံရ​ပေမယ့်​လည်း​ ​ကျောင်း​က​နေ ထွက်ခွာမှာ မဟုတ်ဘူး​လို့​လည်း​ မိန့်​ကြား​ပါတယ်။

“ဦး​ဇင်း​က​တော့​ မထွက်ခွာပါဘူး​။ ဘယ်အဖွဲ့​ပဲလာလာ ဦး​ဇင်း​က​တော့​ ရှင်း​ပြ​ပေး​ပါမယ်၊​ ​တောင်း​ဆိုပါမယ်၊​ ပြဿနာမဖြစ်နိုင်ဘူး​လား​ဆို​တော့​ ​ကျောင်း​ထိုင်ဘုန်း​ကြီး​နဲ့​တော့​ ပြဿနာမဖြစ်နိုင်ပါဘူး​။ သူလည်း​ဦး​ဇင်း​ကို မ​ပြောရဲပါဘူး​။ သူသည်ပြစ်ချက်​တွေ အများ​ကြီး​ရှိပါတယ်။ သူတိုက်ထဲမှာ ​နေသမျှ ကာလပတ်လုံး​ အရှုပ်အ​ထွေး​တွေများ​စွာရှိပါတယ်။ လက်ရှိလည်း​ အရှုပ်အ​ထွေး​တွေ ရှိ​နေတဲ့​အတွက် ဦး​ဇင်း​ကို မရင်ဆိုင်ရဲပါဘူး​။ သံဃမဟာနယက ဆရာ​တော် ဘုရား​ကြီး​တွေအ​နေနဲ့​က ​အောက်​ခြေကို ​သေ​သေချာချာ ဆင်း​ပြီး​တော့​ ​လေ့​လာပြီး​တော့​ ဘယ်သူ​တွေက မှန်ကန်တယ်၊​ ဘယ်သူ​တွေက မမှန်ကန်ဘူး​ဆိုတာကို ဆုံး​ဖြတ်သင့်​ပါတယ်လို့​ မဟန ဆရာ​တော် ဘုရား​ကြီး​တွေကို ဦး​ဇင်း​က ​လျှောက်ထား​ချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013