DVB Logo
Home
မြန်မာသတင်း
မန္တလေးနှင့်ဘားအံမြို့တို့ရှိ မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်း မရှိသေး
DVB
·
July 15, 2017
မန္တလေးနှင့်ဘားအံမြို့တို့ရှိ မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်း မရှိသေး
Donate to DVB

မြန်မာပြည်တ၀န်းမှာ မဘသ ဆိုင်းဘိုတ်တွေကို ဒီကနေ့ ဇူလိုင် ၁၅ နောက်ဆုံးထားပြီး အပြီး ဖြုတ်သိမ်းဖို့နဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်း မရှိရင် နိုင်ငံတော်သံဂါမဟာနာယကအဖွဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် မလွဲမရှောင်သာဘဲ အာဏာစက်နဲ့ အရေးယူဆောင်ရွက်မယ်လို့ မြန်မာ့ရုပ်မြင်သံကြားက မနေ့ညက ကြေညာထားပါတယ်။

ဒါ့အပြင် နိုင်ငံတ၀န်းရှိ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့တွေက လိုက်နာဆောင်ရွက်ခဲ့ပေမယ့် ကရင်ပြည်နယ် ဘားအံမြို့နဲ့ မန္တလေး မြို့ရှိ မဘသအဖွဲ့တွေဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆုံးဖြတ် ချက်အပေါ် လိုက်နာဖို့ ပျက်ကွက်လျက်နေတယ်လို့လည်း ဆိုထားပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာရှိတဲ့ မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းအတွင်းက မန္တလေး မဘသအဖွဲ့ ဆိုင်းဘုတ်က မနက် ၁၀ နာရီထိရှိနေပြီး မဘသအဖွဲ့ဝင် လူအင်အား ၅၀ လောက်ကလည်း ဘုန်းကြီးကျောင်းမှာရောက်ရှိနေပါတယ်။

လောလောဆယ်တော့ သတင်းထုတ်ပြန်မူကို မဘသ ကဖြေကြားဖို့ရာ ငြင်းဆန်ခဲ့ပါတယ်။ နိုင်ငံတော်သံဃမဟာနာယက (မဟန) ဗဟိုကို မန္တလေးမဘသ အဖွဲ့မှ ဒီနေ့ ဦးဆောင်ဆရာတော်နှစ်ပါး သွားရောက်တွေ့ဆုံဆွေးနွေး လျှောက်ထားမယ်လို့သိရပါတယ်။

လာမယ့် ဇူလိုင် ၁၈ ရက်နေ့မှာ မဘသအဖွဲ့ရဲ့ ရပ်တည်ချက်နဲ့ပါတ်သတ်ပြီး မီဒီယာ ကို ဖြေကြားမယ်လို့လည်း ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013