Live
Home
မေးမြန်းခန်း
ရဲ​တွေလုပ်ခိုင်း​တာကို သူတို့​ လုပ်ရတဲ့​ သ​ဘောပါပဲ
အေးနိုင်
·
February 27, 2012
၂၀၁၀ သင်္ကြန်ဗုံး​ပေါက်ကွဲမှုနဲ့​ ဆက်စပ် ဖမ်း​ဆီး​ထား​တဲ့​ ကိုဖြိုး​ဝေ​အောင်နဲ့​အတူ သူ့​ရှေ့​နေ ၂ ဦး​ကို တရား​စီရင်တဲ့​ ဝန်ထမ်း​တွေကို ​နှောင့်​ယှက်မှုနဲ့​ တရား​စွဲမယ်လို့​ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​မှာ ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​က ဆုံး​ဖြတ်ခဲ့​ပါတယ်။ [caption id="attachment_21482" align="alignleft" width="300" caption="ကိုဖြိုးဝေအောင်"][/caption] ဒီဆုံး​ဖြတ်ချက်အရ တရား​ခံ ကိုဖြိုး​ဝေ​အောင်နဲ့​ ​ရှေ့​နေ ၂ ဦး​ဖြစ်တဲ့​ တရား​လွှတ်​တော်​ရှေ့​နေ ဦး​ကျော်ဟိုး​နဲ့​ အထက်တန်း​ရှေ့​နေ ​ဒေါ်သင်ဇာလှိုင်တို့​ကို တရား​စွဲမှာ ဖြစ်ပါတယ်။ ဒီကိစ္စဖြစ်ပွား​တာက အမှုစစ် ရဲအရာရှိရဲ့​ ထွက်ဆိုချက်မှာပါရှိတဲ့​ တရား​လိုပြ သက်​သေဆီက ကြိုတင်ထွက်ချက် ယူထား​တယ်ဆိုပြီး​ ထွက်ချက်ဟာ အမှုတွဲထဲမှာ ​ပျောက်ဆုံး​နေတာနဲ့​ ပတ်သက်လို့​ တရား​ခံက ပြန်လည် ​မေး​ခွန်း​ထုတ်ရာက​နေ စတင်ခဲ့​တာ ဖြစ်ပါတယ်။ အဲဒီ​နေ့​က တရား​ခွင်ကို တက်​ရောက်နား​ထောင်ခဲ့​တဲ့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ ဇနီး​ မ​ဌေး​ဌေး​ကို ​မေး​ထား​ပါတယ်။ ကိုဖြိုး​ဝေ​အောင်ရဲ့​ အမှုမှာ တရား​ရုံး​ကို မထီမဲ့​မြင် ပြုတယ်ဆိုပြီး​တော့​ ပါတယ်။ ဒါကို ရှင်း​ပြပါလား​။ “သူတို့​ တင်ပြတဲ့​ အချက်အလက်​တွေအား​လုံး​ကို ကျမတို့​က ​မေး​တဲ့​အချိန်ကျ​တော့​ ဒီ​နေ့​ကျမှ ဘယ်လို ဖြစ်သွား​လဲဆို​တော့​ သူကလည်း​ ဌာနဆိုင်ရာ ဝန်ထမ်း​တွေကို စွပ်စွဲပုတ်ခတ် ​ပြောဆိုတယ်​ပေါ့​။ ဒီလို ​ပြောဆိုတဲ့​အချိန်မှာ ​ရှေ့​နေ​တွေက ထိန်း​သိမ်း​ပေး​ခြင်း​ မရှိတဲ့​အတွက် ဆိုပြီး​ သူရယ်၊​ ​ရှေ့​နေ နှစ်​ယောက်ရယ်ကို တရား​စွဲဖို့​ ဆိုပြီး​ အမိန့်​ချတယ်။” ဒီအမှုနဲ့​ ပတ်သက်ပြီး​တော့​ သူ့​ကို ၂၂၊​ ၄၊​ ၂၀၁၀ မှာ သန်း​ခေါင်​ကျော်မှာ ဧည့်​စာရင်း​ဆိုပြီး​ ဖမ်း​သွား​တာ​ပေါ့​။ X2O (သင်္ကြန်မဏ္ဍပ်) ​ဖောက်ခွဲမှုနဲ့​ ပတ်သက်တဲ့​သူ​တွေ ပြန်လွတ်လာတယ်လို့​ သိရတယ်​လေ။ သူက ဘာလို့​ ကျန်​နေခဲ့​တာလဲ။ “ဖမ်း​တာက​တော့​ X2O နဲ့​ ပတ်သက်ပြီး​ ကျမတို့​ သိသ​လောက်က ဦး​ဇေယျတို့​ သား​အဖ ၂ ​ယောက်၊​ ကိုဘိုဘိုသိန်း​တို့​ အုပ်စုက ၅ ​ယောက်၊​ ​နောက်တခါ ​ကောင်း​မြတ်လှိုင်က ၁ ​ယောက်၊​ ကျမ ​ယောက်ျား​နဲ့​ဆိုရင် အား​လုံး​ပေါင်း​ ၉ ​ယောက် ရှိတယ်။ အဲဒီ ၉ ​ယောက်လုံး​မှာ ကျမတို့​သိရသ​လောက် ဗုံး​ခွဲမှုနဲ့​ ဆိုင်တယ်ဆိုပြီး​ သူတို့​ကိုလည်း​ စွဲထား​တာပဲ​လေ။ အဲဒါအတွက် ဖန်တီး​ထား​တဲ့​သူ​တွေပဲ​လေ။ အဲဒီထဲက ကျမ​ယောက်ျား​က ကံထူး​သူ​ပေါ့​ရှင်။ ဇာတ်လမ်း​ဆင်လို့​ ​ကောင်း​တဲ့​သူဆို​တော့​ သူက ​ဖောက်ခွဲ​ရေး​သမား​ကို ကူညီတဲ့​သူ ဆိုပြီး​တော့​ ဗုံး​ဖောက်ခွဲမှုနဲ့​ စွဲတာ။ ကျန်တဲ့​သူ ၈ ​ယောက်က ​ပေါ်​ပေါက်တဲ့​ ဥပ​ဒေ ​ကြောင်း​အရဆိုတာက ၁၇-၁ တို့​၊​ အီလက်ထ​ရောနစ်တို့​နဲ့​ တရား​စွဲလိုက်တာ။ ​ထောင်ချတယ်။ လွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ သူတို့​ အဲဒီပုဒ်မ​တွေက ပါသွား​တာ​ပေါ့​။ အဲဒီလို သ​ဘောမျိုး​ပါ။” အခင်း​ဖြစ်တဲ့​ ဧပြီလ ၁၅ ရက်​နေ့​ ၂၀၁၀ တုန်း​က​လေ အလုပ်လုပ်တဲ့​ ရန်ကင်း​စင်တာမှာ ရှိ​နေတယ်ဆို။ အစ်မတို့​ရဲ့​ သက်​သေပြချက် မခိုင်လုံလို့​လား​၊​ ဘာဖြစ်လို့​လဲ။ “ကျမတို့​ အခု ရှင်း​လိုက်တာ ဒီကိစ္စ​ပေါ်သွား​ပါပြီ။ အဲဒီ​နေ့​က သူနဲ့​အတူရှိ​နေတာ ၃ ​ယောက်​တောင်မကပါဘူး​။ ရန်ကင်း​စင်တာက အလုပ်သမား​တွေ အများ​ကြီး​ ရှိတယ်။ ရန်ကင်း​စင်တာက သူ့​ကို အလုပ်အပ်တဲ့​ တာဝန်ခံ ဦး​ကျော်စိုး​မင်း​။ သူနဲ့​ အလုပ် အတူလုပ်တဲ့​ အင်ဂျင်နီယာ ဦး​မျိုး​မြင့်​အောင်။ သူတို့​ ၂ ​ယောက်ကို သတင်း​စာရှင်း​လင်း​ပွဲပြီး​တော့​ ​အောင်သ​ပြေကို ​ခေါ်ပြီး​ စစ်တယ်။ စစ်ပြီး​တော့​ တရား​ရုံး​မှာ ကြိုတင် ထွက်ချက်​ပေး​ခိုင်း​ထား​တယ်။ သူတို့​က ပထမတ​ခေါက် လာထွက်တုန်း​က​တော့​ ရဲ​တွေရဲ့​ ဩဇာအ​လျောက်ဆို​တော့​ သူတို့​က သိသမျှအ​ကြောင်း​အရာ​တွေကိုပဲ တရား​ရုံး​မှာ ထွက်ဆိုတာပါလို့​ ထွက်ဆိုသွား​တယ်။ ပြီး​တော့​ ကျမတို့​က ပြန်​ခေါ်ပြီး​ ​မေး​လည်း​မေး​ရော ကြိုတင်ထွက်ချက်ဆိုတာကို သူတို့​ နား​မလည်ပါဘူး​။ သိလည်း​ မသိဘူး​ပေါ့​။ ကြိုတင်ထွက်ချက်​ပေး​ရမယ်ဆိုတာကို ရဲ​တွေက ​ပြောလို့​ ရဲ​တွေက ​ခေါ်သွား​ပြီး​ ကြိုတင်ထွက်ချက်​ဖောင်ကို ဖြည့်​တယ်။ သူတို့​ကို လက်မှတ်ထိုး​ခိုင်း​ပြီး​ တရား​သူကြီး​ရှေ့​မှာ ​ပေး​ခိုင်း​လို့​ သူတို့​ပေး​ရတာပါ ဆိုပြီး​ ထွက်ဆိုသွား​ပါတယ်။ ဆိုလိုတဲ့​ သ​ဘောက​တော့​ ရဲ​တွေလုပ်ခိုင်း​တာကို သူတို့​ လုပ်ရတဲ့​ သ​ဘောပါပဲ။ ဒါ​ပေါ်သွား​ပါတယ်။” အဲဒါနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​လက်​အောက်မှာရှိတဲ့​ဝန်ထမ်း​တွေ၊​ ​နေ့​စား​အလုပ်သမား​တွေက​ရော အစ်မတို့​ ၂ နှစ်နီး​ပါး​လောက် အကြာမှာ​ရော။ “မ​ပေး​ဘူး​ရှင့်​၊​ ပိတ်လိုက်တယ်။ အဲဒီ​နောက်ပိုင်း​မှာ ကျမတို့​က ဦး​ကျော်စိုး​မင်း​ဆိုတဲ့​ လူကိုသွား​တွေ့​တယ်၊​ သွား​တွေ့​ပြီး​ အလုပ်သမား​ ၁၀ ​ယောက်၊​ ၁၅ ​ယောက် အနည်း​ဆုံး​ရှိတယ်။ ဒီလူ​တွေရဲ့​ စာရင်း​ နာမည်​လေး​တွေ ကျမတို့​ကို ​ပေး​ပါ၊​ ကျမတို့​ ဒီအ​ကြောင်း​နဲ့​ ပတ်သက်ပြီး​ အဖြစ်မှန်​လေး​ ​မေး​ချင်လို့​ပါ ဆိုတဲ့​ အချိန်မှာ အဲဒီလူက သူက ဒီမှာ သူတာဝန်ခံပဲ၊​ မ​ပေး​နိုင်ဘူး​ပေါ့​။ ကျ​နော့်​ အလုပ်သမား​တွေပါဆိုပြီး​ ငြင်း​လွှတ်လိုက်တယ်။ အဲ့​ဒါ ကျမတို့​ မရဘူး​။ ဒါ​ပေမယ့်​ သူတို့​အခု တရား​ရုံး​ထွက်ချက်လည်း​ကျ​ရော ကြိုတင်ထွက်ချက်ဆိုတဲ့​ သ​ဘောက အခင်း​ဖြစ်တဲ့​ အချိန်မှာ သိရှိတဲ့​ အ​ကြောင်း​အရာ​တွေကို ​ပေး​တဲ့​ထွက်ချက်​လေ၊​ အခု သူတို့​ ၂ ​ယောက်ကကျ​တော့​ အဲ့​လိုမျိုး​မဟုတ်ဘူး​။ အခု ဗုံး​ပေါက်မှုနဲ့​ ဘာမှမသက်ဆိုင်ဘူး​။ ကျမ​ယောကျာ်း​က သင်္ကြန်အကြို​နေ့​က​နေ အဖမ်း​ခံရတဲ့​နေ့​အထိ တ​လျှောက်လုံး​ သူတို့​နဲ့​ အတူတူ ရှိတယ်။ ဒီဗုံး​ပေါက်တဲ့​ အချိန်​လေး​မှာပဲ ၁ နာရီက​နေ ၄ နာရီကြား​ထဲမှာ မရှိပါဘူး​ဆိုတဲ့​ အချက်​လေး​ပဲဆို​တော့​ ဒါ​တော်​တော် ထင်သာမြင်သာ ရှိတယ်။ လိမ်ပြီး​ ထွက်တယ်ဆိုတာ ​ပေါ်လွင်ပါတယ်။” ​ရှေ့​နေဦး​ကျော်ဟိုး​တို့​ ​ဒေါ်သဇင်လှိုင်တို့​ပါ အမှုတွဲထဲမှာ ပါသွား​ပြီ​ပေါ့​။ “အခင်း​ဖြစ်တဲ့​နေ့​က အတူရှိတဲ့​သူငယ်ချင်း​ပေါ့​။ ​အောင်​ကျော်စွာဆိုတာ ကျမတို့​နဲ့​ ​ကျောင်း​နေဖက် သူငယ်ချင်း​၊​ ​အောင်​ကျော်စွာနဲ့​ကျ​တော့​ ကျမအမျိုး​သား​က ဗုံး​မကွဲခင် အချိန်ထိ အတူတူရှိ​နေတာ။ ဘာလို့​လည်း​ဆို​တော့​ ​အောင်​ကျော်စွာရဲ့​ စက်ရုံမှာ ​ရေသန့်​စက် တပ်ဖို့​ဆိုပြီး​တော့​ ကျမအမျိုး​သား​က ကူညီ​ပေး​တာ။ ပစ္စည်း​တွေ လိုက်ဝယ်တဲ့​အချိန်မှာ ရဲ​တွေက ​ဘောက်ချာကို သိမ်း​လိုက်သလို ​ဖျောက်ဖျက်ပစ်လိုက်တယ်။ ​ဖျောက်ဖျက်ပစ်လိုက်ပြီး​တော့​ ​အောင်​ကျော်စွာကိုလည်း​ သူတို့​ ပစ္စည်း​ဝယ်တဲ့​နေ့​က ၁၄ ရက်​နေ့​ ဖြစ်တယ်ဆိုပြီး​ ​ပြောင်း​ပြီး​တော့​ ထွက်ဆိုခိုင်း​တယ်။ အဲဒီ​ဘောက်ချာကို ​ဖျောက်ဖျက်ပစ်လိုက်တယ်။ ဖုန်း​မှတ်တမ်း​တွေကိုလည်း​ ၁၅ ရက်​နေ့​ မှတ်တမ်း​ကို ၁၄ ရက်​နေ့​ဆိုပြီး​တော့​ Microsoft ware နဲ့​ excel နဲ့​ ​ပြောင်း​လိုက်တယ်။ ဆက်သွယ်​ရေး​က​နေ တိုက်ရိုက်ထုတ်တဲ့​ စနစ်မဟုတ်ဘဲနဲ့​ ဘယ်လမ်း​ဘေး​ ကွန်ပြူတာဆိုင်မှာမဆို ပြင်လို့​ရတဲ့​ ဖုန်း​မှတ်တမ်း​တွေအဖြစ် ​ပြောင်း​ပြီး​တော့​ တရား​ရုံး​မှာ သက်​သေခံတင်တယ်။ အဓိက ​ပေါ်သွား​တာက သူတို့​အမှန်တကယ် ပစ္စည်း​ဝယ်တဲ့​ ​ဘောက်ချာ အစစ်အမှန်ဆိုလို့​ရှိရင် သူတို့​ တရား​ရုံး​ကို တင်ကို တင်ပြရမယ်။ ၁၅ ရက် ဖြစ်​နေလို့​သာ သူတို့​ ​ဖျောက်ပစ်လိုက်တာ။ ဒီ​နေ့​ ပြဿနာတက်တာက ​အောင်​ကျော်စွာကို ကျမတို့​ အမှုမှာရှိတဲ့​ အမှုစစ်က ကြိုတင်ထွက်ချက် ယူထား​ပါတယ်ဆိုပြီး​ သူက ထွက်ထား​တော့​ ကျမတို့​ တရား​ရုံး​အမှုတွဲထဲမှာ ​အောင်​ကျော်စွာရဲ့​ ကြိုတင်ထွက်ချက်က မရှိဘူး​။ မရှိ​တော့​ ကျမအမျိုး​သား​က ​ပြောတာက ​အောင်​ကျော်စွာရဲ့​ ကြိုတင်ထွက်ချက် မရှိတဲ့​ဟာက အမှုစစ်​တွေနဲ့​ တရား​ရုံး​ကို တင်တဲ့​အခါမှာ ဥပ​ဒေအရာရှိ​တွေက စိစစ်ရတယ်၊​ စိစစ်ပြီး​မှ တရား​ရုံး​တင်တဲ့​အချိန်မှာ မတင်တာအတွက် ဥပ​ဒေအရာရှိ အဆက်ဆက်နဲ့​ တရား​လိုအဖွဲ့​အစည်း​တွေက ထိမ်ချန်ထားခြင်း​ ဖြစ်သလား​လို့​တောင် သူထင်မိပါတယ်ဆိုပြီး​ ထွက်တဲ့​အချိန်မှာ ဥပ​ဒေအရာရှိက ထပြီး​တော့​ အရင်လည်း​ တချိန်လုံး​ပြဿနာရှာ​နေတယ်။ အခုကျ​တော့​မှ အဲ့​လိုမျိုး​တွေ တင်တဲ့​အတွက် တရား​ရုံး​ကို နိုင်ငံ့​ဝန်ထမ်း​ကို ​စော်ကား​တဲ့​အတွက် အ​ရေး​ယူ​ပေး​ပါရန် ဆိုတဲ့​အချိန်မှာ တရား​သူကြီး​က အ​ရေး​ယူမယ်၊​ အမှုဖွင့်​မယ် ဆိုပြီး​တော့​ အမိန့်​ချတယ်​ပေါ့​။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024