အာဇာနည်နေ့အတွက်ပြင်ဆင်ထားသည့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက် (ဓာတ်ပုံ)
DVB
·
July 15, 2017
လာမယ့် ဇူလိုင် ၁၉ ရက် မှာကျရောက်မယ့် နှစ် ၇၀ ပြည့် အာဇာနည်နေ့မှာ နတ်မောက်မြိှု့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို အထူးအစီအစဉ်အဖြစ် ပြည်သူလူထုတွေ လေ့လာနိုင်အောင် ခင်းကျင်းပြသသွားဖို့ ရှိနေပါတယ်။
နတ်မောက်မြို့ရှိ နေအိမ်ပြတိုက်ကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ၅ ရက်ကြာ မနက် ၈ နာရီခွဲကနေ ၄ နာရီ ခွဲအချိန်ထိ အများပြည်သူတွေ ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ဖို့ ခင်းကျင်းထားရှိမှာ ဖြစ်ပြီး ၀င်ကြေး အခမဲ့နဲ့ ပြည်တွင်းပြည်ပ ၀င်ရောက်လေ့လာကြည့် ရှုနိုင်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MRC