မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူရန် ရီးရဲလ် ပြန်လည်ကြိုးပမ်းမည်

604
ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။
ရီးရဲလ်အသင်းဟာ ဒီဂီယာကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားနေတာဖြစ်ပြီး မန်ယူအသင်းက ရောင်းချလိုတဲ့ဆန္ဒ မရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။
ရီးရဲလ်အသင်းဟာ ၂၀၁၅ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒီဂီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပေမယ့် စာချုပ်ကိစ္စ အချိန်ကြန့်ကြာပြီး အပြောင်းအရွှေ့ ပိတ်သိမ်းချိန် ကျော်လွန်သွားတာကြောင့် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတို့ဟာ ရာသီကြို လေ့ကျင့်ခရီးစဉ်အဖြစ် အမေရိကမှာ ရောက်ရှိနေပြီး ဇူလိုင် ၂၃ ရက်မှာ အိုင်စီစီဖလားပွဲ ယှဉ်ပြိုင်ကစားရမှာပါ။
အသက် ၂၆ နှစ်ရှိ စပိန်ဂိုးသမား ဒီဂီယာအတွက် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် သန်း ၆၀ ကျော်နဲ့ ကမ်းလှမ်းမယ်ဆိုရင်တော့ မန်ယူအသင်းက လက်ခံစဉ်းစားဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒီဂီယာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။