DVB Logo
Home
မြန်မာသတင်း
ဒီ​ကေဘီ​အေနှင့်​ နယ်ခြား​စောင့်​တပ်ကြား​ လက်နက်ပြဿနာ ​ပြေလည်မှုရရှိ
DVB
·
February 27, 2012
ဒီ​ကေဘီ​အေနှင့်​ နယ်ခြား​စောင့်​တပ်ကြား​ လက်နက်ပြဿနာ ​ပြေလည်မှုရရှိ
Donate to DVB

နယ်ခြား​စောင့်​တပ်က တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) ရဲ့​ လက်နက်​တွေကို ဝင်​ရောက် သိမ်း​ယူတဲ့​အတွက် တိုက်ပွဲ​တွေဖြစ်ပွား​ပြီး​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ပျက်ပြား​မလိုဖြစ်ခဲ့​ရာက အခု ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေနဲ့​ ​ပြေလည်သွား​ပြီလို့​ သိရပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ကိုယ်စား​လှယ်အဖွဲ့​ရဲ့​ ကြား​ဝင် ဖျန်​ဖြေမှု အပြီး​မှာ ဒီ​ကေဘီ​အေ နဲ့​ နယ်ခြား​စောင့်​တပ်တို့​ဟာ ပဋိပက္ခမဖြစ်​ရေး​ သ​ဘောတူညီမှု​တွေ ရရှိခဲ့​တာလို့​ ဒီ​ကေဘီ​အေ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဗိုလ်မှူး​ ဆန်း​အောင်က ​ပြောပါတယ်။

“ငြိမ်း​ချမ်း​ရေး​ယူထား​တဲ့​ ဒီအချိန်မှာ နိုင်ငံ​တော်က လစာစား​နေတဲ့​ စစ်တပ်တခုက ကျ​နော်တို့​ ​သေနတ်ကို အတင်း​အဓမ္မ သိမ်း​တယ်ဆို​တော့​ ဘယ်​ကျေနပ်မလဲ၊​ ကျ​နော်တို့​ ပြန်​တောင်း​တယ်၊​ ပထမ ​တောင်း​တာ မရဘူး​။ တကယ်ပြန်မ​ပေး​ရင် ဒီငြိမ်း​ချမ်း​ရေး​ကို တကယ်ပဲပြန်ဖျက်သိမ်း​မှာပဲ။ ပြန်​ပေး​တယ်။ ၂၇ လက်ပဲ ပြန်ရတယ်။ ၅ လက်က မြို့​ပြ​သေနတ်တဲ့​။ ဒီမြိုင်ကြီး​ငူထဲမှာပဲ ကိုင်တဲ့​သေနတ်ဆို​တော့​ ​ကျေနပ်တာ​ပေါ့​။ ​နောက်​နောင်လည်း​ လက်နက်ကိုင်တဲ့​ နည်း​လမ်း​နဲ့​ မ​ဖြေရှင်း​ဖို့​ လက်မှတ်​တွေ ထိုး​သွား​ကြတယ်။”

ကရင်ပြည်နယ် ဘား​အံမြို့​မှာ ဒီလ ၂၅ ရက်နဲ့​ ၂၆ ရက်​တွေက ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲမှာ​တော့​ ​နောက်​နောင် ပဋိပက္ခ ​ရှောင်ရှား​ဖို့​အတွက် ဒီ​ကေဘီ​အေနဲ့​ နယ်ခြား​စောင့်​တပ်​တွေ သူ့​နေရာ ကိုယ့်​နေရာ နယ်​မြေချထား​ရေး​၊​ မြိုင်ကြီး​ငူ​ဒေသမှာ ဒီ​ကေဘီ​အေ​ရော နယ်ခြား​စောင့်​တပ်ကပါ လက်နက်ကိုင်​ဆောင်ခွင့်​၊​ စစ်ဝတ်စုံနဲ့​ သွား​လာခွင့်​မရှိ၊​ ဒီ​ကေဘီ​အေ ဆက်ဆံ​ရေး​ရုံး​ကို ​ကော့​ကရိတ်၊​ ဘား​အံနဲ့​ ကြာအင်း​ဆိပ်ကြီး​မှာ ဖွင့်​လှစ်​ရေး​၊​ ဒီ​ကေဘီ​အေ ကလိုထူး​ဘော တပ်ဖွဲ့​ဝင်​တွေရဲ့​ စား​ဝတ်​နေ​ရေး​ကို အစိုး​ရက ​ထောက်ပံ့​ကူညီ​ရေး​ စတဲ့​အချက်​တွေ သ​ဘောတူညီမှုရခဲ့​တယ်လို့​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

ဒီတ​ခေါက် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲမှာ ဒီ​ကေဘီ​အေဘက်က ဗိုလ်မှူး​ချုပ် ​စောမို​ရှေး​ ဦး​ဆောင်တဲ့​ အဖွဲ့​ဝင်စုစု​ပေါင်း​ ၇ ဦး​၊​ အစိုး​ရဘက်က ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​ဝင် ဦး​အောင်​သောင်း​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်ချုပ်​ဇော်ဝင်း​၊​ ကရင်ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဇော်မင်း​နဲ့​ စစ်ဘက်​ခေါင်း​ဆောင်​တွေ၊​ နယ်ခြား​စောင့်​တပ်ဘက်က အကြံ​ပေး​ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖား​နွီး​ အပါအဝင် စုစု​ပေါင်း​ ကိုယ်စား​လှယ် ၁၁ ဦး​ ပါဝင် ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဒီ​ကေဘီ​အေက ​ပြောပါတယ်။

ဗိုလ်ချုပ်​စောလား​ဘွယ် ဦး​ဆောင်တဲ့​ တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ)ဟာ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေနဲ့​ ပြီး​ခဲ့​တဲ့​နှစ် နိုဝင်ဘာလဆန်း​ပိုင်း​က နှစ်ဘက် အပစ်အခတ်ရပ်​ရေး​ သ​ဘောတူလက်မှတ် ​ရေး​ထိုး​ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ဒီနှစ် ​ဖေ​ဖော်ဝါရီလလယ်​လောက်မှာ အစိုး​ရလက်​အောက်ခံ နယ်ခြား​စောင့်​တပ်ရင်း​ ၁၀၁၁ နဲ့​ ၁၀၁၉ တို့​က ဒီ​ကေဘီ​အေ ထိန်း​ချုပ်နယ်​မြေထဲ ဝင်ပြီး​ လက်နက်​တွေ သိမ်း​ယူခဲ့​ရာက ပစ်ခတ်မှု​တွေ ဖြစ်ပွား​ခဲ့​တဲ့​အပြင် စစ်သည်​တွေ ထိခိုက်​သေဆုံး​မှု ရှိခဲ့​ပါတယ်။

ဒါ​ကြောင့်​ ဒီပြဿနာကို အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေက ကြား​ဝင်​ဖြေရှင်း​ပေး​ဖို့​ ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့​မှာ ဒီ​ကေဘီ​အေဘက်က ​တောင်း​ဆိုခဲ့​တယ်။ ၂၁ ရက်​နေ့​မှာ တခါ​ဆွေး​နွေး​ခဲ့​ပြီး​ ​ပြေလည်မှုမရခဲ့​ပါဘူး​။ ညှိနှိုင်း​မှု မ​အောင်မြင်ရင် ငြိမ်း​ချမ်း​ရေး​ ပျက်ပြယ်မယ်လို့​ ဒီ​ကေဘီ​အေဘက်က ​ပြောခဲ့​ပါတယ်။

ဒုတိယအကြိမ် ပြန်​တွေ့​ဆုံတဲ့​ ဒီအ​ရေး​ပေါ် ​ဆွေး​နွေး​ပွဲမှာ​တော့​ အခုလို သ​ဘောတူညီမှု​တွေ ရခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013