A d v e r t i s e m e n t With Us

အက်ဖ်ဒီအေ ​ထောက်​ခံချက်မ​ရှိသည့် ကျိုင်းတုံ​ ​သောက်​​ရေသန့်​စက်​ရုံ ၂ ခုကို ဖျက်သိမ်း

ကျိုင်းတုံမြို့ရှိ သောက်ရေသန့်စက်တွေကို ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) ရဲ့ ထောက်ခံချက်မရှိတဲ့ သောက်ရေသန့်စက်ရုံ ၂ ခုကို ပိတ်သိမ်းလိုက်ကြောင်း အက်ဖ်ဒီအေက ပြောပါတယ်။ သောက်ရေသန့်စက်ရုံ ၂ ခုဟာ အက်ဖ်ဒီအေ ထောက်ခံချက်မရှိပဲ ရောင်းချနေပြီး ထောက်ခံချက်လျှောက်ထားဖို့ ကြိုတင်အသိပေးအကြောင်းကြားထားပေမယ့် ၂ လအထိ လျှောက်ထားခြင်းမရှိလို့ ထုတ်လုပ်ရောင်းချနေတာကို ကွင်းဆင်းစစ်ဆေးတွေ့ရှိတာကြောင့် ထုတ်လုပ်ရောင်းချခွင့်ကို အက်ဖ်ဒီအေက ပိတ်သိမ်းခဲ့တာဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ဝင် ကျိုင်းတုံခရိုင်စားသုံးသူဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးက ပြောပါတယ်။ ပိတ်သိမ်းခံရတဲ့ ရေသန့်စက်ရုံ ၂ ခုမှာ ကတ်တောင်ကျေးရွာရှိ စိန်လင်းလက် သောက်ရေသန့်စက်နဲ့ ကတ်ဖကျေးရွာရှိ စိတ်စွမ်းအား သောက်ရေသန့်စက်တို့ဖြစ်ပါတယ်။ "အဲ့ဒီရေသန့်စက်တွေက အက်ဖ်ဒီအေရဲ့ စည်းမျဉ်းအတိုင်း ထုတ်လုပ်ရောင်းချတာ မဟုတ်ပါဘူး" လို့ ဦးသန်းစိုးက ပြောပါတယ်။ ကျိုင်းတုံမြို့မှာ စုစုပေါင်း ရေသန့်စက်ရုံ ၁၄ ခုရှိပြီး ဒီနေ့မှာ ပူးပေါင်းအဖွဲ့တွေက စက်ရုံ ၄ ခုကိုသာ စစ်ဆေးခဲ့ကာ ကျန်ရှိ သောက်ရေသန့်စက်ရုံတွေကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ သားသား ဓာတ်ပုံ-စားသုံးသူရေးရာဦးစီးဌာန

A d v e r t i s e m e n t With Us

More News
Up