Home
မြန်မာသတင်း
တပ်မတော်​ယာဉ်​တစီး လမ်းချော်ပြီး ​ရေ​ချောင်းထဲ ထိုး​ကျတိမ်းမှောက်၊ ၃ ဦး သေဆုံး
DVB
·
July 14, 2017
19990153_707863799404622_6559327434365477336_n
19990400_707863766071292_362609750205723157_n (1)
ကျိုင်းတုံမြို့မှာ မိုးရွာသွန်း လမ်းချော်မှုကြောင့် မြန်မာ့တပ်မတော်ယာဉ်တစ်စီး လမ်းဘေး ရေချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ၃ ဦး သေဆုံး၊ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။ အမှတ် ၅၇၁ ခြေမြန်တပ်ရင်းမှ စစ်သည်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ကျိုင်းတုံမှအသွား ယန်းခ မူလွန်ကျောင်းအနီးမှာ မိုးရွာသွန်းပြီး လမ်းချော်မှုကြောင့် လမ်းဘေးချောင်းထဲ ထိုးကျတိမ်းမှောက်သွားတာလို့ ရဲအုပ်စောသန်းဦးက ပြောသည်။ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ လူ ၁၆ ဦးထဲက ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ "ကားသမားနဲ့ တခြား ၂ ယောက်ပဲ ဘာမှမဖြစ်ဘူး။ ဒဏ်ရရှိသူတွေကလည်း စိုးရိမ်စရာအခြေအနေမရှိပါဘူး။" 19990400_707863766071292_362609750205723157_n (1)ဒဏ်ရာရ စစ်သည်တွေကို အမှတ် (၃/၃၀၀) တပ်မတော် စစ်ဆေးကို ပို့ဆောင်ကုသ ထားတယ်လို့ သိရပါတယ်။ ထက်အာကာမင်း ဓာတ်ပုံ -ယာဉ်ထိန်းရဲတပ်ဖွဲ့  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024