DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် တရား​ဝင် ပါတီမှတ်ပုံပြန်တင်
DVB
·
February 27, 2012
ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် တရား​ဝင် ပါတီမှတ်ပုံပြန်တင်
1 / 2
Donate to DVB

စစ်အစိုး​ရလက်ထက်က တရား​ဝင်ပါတီအဖြစ်က​နေ ဖျက်သိမ်း​ခြင်း​ခံခဲ့​ရတဲ့​ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် (​အေအယ်လ်ဒီ) ဟာ ဦး​သိန်း​စိန်အစိုး​ရ တက်လာပြီး​တဲ့​နောက် ပါတီကို မှတ်ပုံပြန်တင်လိုက်ပါတယ်။

ဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​လိုက်တဲ့​အတွက် ခုလို နိုင်ငံ​ရေး​ပါတီ မှတ်ပုံပြန်တင်တာလို့​ ​အေအယ်လ်ဒီ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ယာယီဥက္ကဋ္ဌ ဦး​သာဗန်း​က ​ပြောပါတယ်။

“မ​နေ့​က ကျ​နော်တို့​အဖွဲ့​က ဦး​ကျော်မြင့်​နဲ့​ ဦး​မျိုး​ကျော်တို့​ ​နေပြည်​တော်ကို သွား​ပြီး​တော့​ ဒီ​နေ့​ ၁၁ နာရီမှာ ​ရွေး​ကောက်ပွဲ​ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်တာက အသိအမှတ်ပြုဖို့​ဆိုတာ တလနည်း​ပါး​လောက်ကြာမယ်။ ပါတီနဲ့​ပတ်သက်တဲ့​ ဥက္ကဋ္ဌ၊​ အတွင်း​ရေး​မှူး​တို့​၊​ ဘဏ္ဍာ​ရေး​မှူး​တို့​၊​ ​ရွေး​ပြီး​တော့​ အလံ၊​ တံဆိပ်​တွေ ဘာ​တွေ မှတ်ပုံတင်ကျတာနဲ့​ တပါတည်း​တင်ရမယ်။ ”

ပါတီမှတ်ပုံတင်ဖို့​အတွက် အနည်း​ဆုံး​ ပါတီဝင် ၂၃ ဦး​ရဲ့​ ​ထောက်ခံချက် လက်မှတ်ထိုး​မှုနဲ့​ တင်ခဲ့​တာ ဖြစ်တယ်။ ပါတီတံဆိပ်နဲ့​ အလံကို မ​ပြောင်း​လဲဘဲ အရင်အတိုင်း​ ပြန်သုံး​မှဖြစ်ပြီး​ မှတ်ပုံတင်ကျလာပါက ရခိုင်ပြည်နယ်ရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ ဘာသာ​ရေး​ အခွင့်​အ​ရေး​တွေအတွက် ​ဆောင်ရွက်သွား​မယ်လို့​ ဆိုပါတယ်။

၁၉၉၀ ​ရွေး​ကောက်ပွဲ အနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေအား​လုံး​ မှတ်ပုံပြန်တင်ပြီး​တဲ့​အခါ အရင်က ဖွဲ့​စည်း​ခဲ့​ဖူး​တဲ့​ ပြည်​ထောင်စု တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် (ယူအန်အယ်လ်ဒီ)လို တိုင်း​ရင်း​သား​ပါတီအဖွဲ့​တခု ဖွဲ့​စည်း​ပြီး​ တိုင်း​ရင်း​သား​အ​ရေး​တွေ ​ဆောင်ရွက်သွား​မယ်လို့​ ဦး​သာဗန်း​က ဆက်​ပြောပါတယ်။

ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်(​အေအယ်လ်ဒီ)ကို ၁၉၈၈ ခုနှစ် ​အောက်တိုဘာလ ၁၂ ရက်​နေ့​က စတင်တည်​ထောင်ခဲ့​ပြီး​၊​ ၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​က ရခိုင်ပြည်နယ်မှာ လွှတ်​တော်အမတ် ၁၁ ​နေရာနဲ့​ အနိုင်ရခဲ့​တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013