A d v e r t i s e m e n t With Us

ကျား လေလည်သည်ကို အမိအရ ရိုက်ယူနိုင်ခဲ့သည့် ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်

ကျားတွေ ဘယ်လိုလေလည်ကြသလဲဆိုတာကို တွေးမိကောင်း တွေးမိမှာ ဖြစ်ပေမယ့် တကယ်တမ်း တွေ့နိုင်ဖို့ကတော့ မလွယ်ကူလှပါဘူး။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆိုက်ဘေးရီးယားကျားတကောင် လေလည်နေချိန်မှာ အမိအရ ရိုက်ကူးထားခဲ့တဲ့ ပြကွက်တွေကို တွေ့မြင်ရမှာပါ။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဂျီလင်းခရိုင်၊ ဝမ်ကျင်းစီရင်စု နယ်မြေရှိ ဒါဟောင်းဂူသစ်တောထဲမှာ ဖြစ်ခဲ့တာလို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ရုရှားနိုင်ငံအရှေ့ပိုင်းနဲ့ ကိုရီးယားကျွန်းဆွယ်ဒေသတွေမှာ ကျက်စားနေထိုင်လေ့ရှိကြတဲ့ ဒီဆိုက်ဘေးရီးယားကျားတွေဟာ မျိုးတုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ရှားပါးမျိုးစိတ်ဝင် သတ္တဝါတွေ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျားဟာ လမ်းလျှောက်နေချိန်မှာ လေလည်ခဲ့တာကို ထောင်ချောက်ကင်မရာတွေကတဆင့် ဖမ်းယူရရှိခဲ့တာပါ။ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ WWF ရဲ့ အဆိုအရ တရုတ်နိုင်ငံရဲ့ ဒီသဘာဝဘေးမဲ့တောထဲမှာ ကောင်ရေ ၅၄၀ နီးပါးသာ ကျန်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒီကျားတွေနဲ့ တခြား သားရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ တရုတ်အစိုးရက ၂၀၁၅ ခုနှစ်ကတည်းက သစ်တောခုတ်ထွင်တာတွေကို တရားဝင်တားမြစ်ထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up