DVB Logo
Home
မြန်မာသတင်း
အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား
DVB
·
February 27, 2012
အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား
Donate to DVB

အသက် ၁၇ နှစ် အရွယ်အမျိုး​သမီး​ငယ်ကို ညှဉ်း​ပန်း​နှိပ်စက်ပြီး​ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​သူကို အ​ရေး​ယူ ​ဆောင်ရွက်​ပေး​ဖို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​မှာ ကာယကံရှင်ကိုယ်တိုင် သွား​ရောက် တိုင်တန်း​ပါတယ်။

အခင်း​ဖြစ်ပွား​ပုံက​တော့​ ဧရာဝတီတိုင်း​ ​ကျောင်း​ကုန်း​မြို့​မှာ​နေတဲ့​ အသက် ၁၇ နှစ်အရွယ် ၁၀ တန်း​ကျောင်း​သူကို အ​ဒေါ်​တော်စပ်သူက ​ကျောင်း​ထား​ပြီး​ ​ကျွေး​မွေး​ပြုစုမယ်ဆိုပြီး​ ​ခေါ်​ဆောင်သွား​တာပါ။

မနှစ်ဇွန်လမှာ လိုက်ပါသွား​ခဲ့​ပြီး​နောက် အ​ဒေါ်ကိုယ်တိုင်က ​ကျောင်း​ထား​မ​ပေး​ဘဲ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​တာလို့​ ကာယကံရှင်ကိုယ်တိုင်က ​ပြောပါတယ်။

“​ရောင်း​စား​တယ်ဆိုတဲ့​သ​ဘော​ပေါ့​။ ပြည့်​တန်ဆာလုပ်ခိုင်း​တယ်။ ​ယောကျာ်း​တွေနဲ့​ ထည့်​ပေး​လိုက်တယ်။ လူတ​ယောက်က ​ခေါ်မယ်ဆိုရင် အဲဒီလူဆီက ပိုက်ဆံကိုယူပြီး​ သမီး​ကိုအတင်း​ ထိုး​ထည့်​ပေး​လိုက်တာ။ လုပ်ခလည်း​ တပြား​မှမရဘူး​။ အကုန်လုံး​ သူတို့​ ယူတာချည်း​ပဲ။ မနား​ရဘူး​။ ညတိုင်း​ဆက်တိုက် ​ခေါ်ထုတ်သွား​တယ်။ ၂ ကြိမ်တိတိ ထွက်​ပြေး​ဖူး​တယ်။ ​နောက်က​နေ လိုက်ဖမ်း​သလို ရိုက်လည်း​ ရိုက်တယ်။ အိမ်က​နေ ထွက်​ပြေး​လို့​ရှိရင် ဓား​နဲ့​ ထိုး​သတ်မယ်လို့​ ​ပြောတယ်။ လည်ပင်း​ညှစ်တယ်။ ကန်တယ်။ ​နောက်ဆုံး​ထွက်​ပြေး​တော့​ သမီး​ကိုသူတို့​ အ​နှောင့်​အယှက်လုပ်တယ်၊​ အဲဒီ​တော့​ သူတို့​ကို အ​ရေး​ယူ ​ဆောင်ရွက်​စေချင်တယ်။”

ဒီလို နှိပ်စက်ပြီး​ အတင်း​အဓမ္မ ခိုင်း​စေ​နေရာက လွတ်​အောင် ထွက်​ပြေး​ခဲ့​ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ထံကို အကူအညီ ​တောင်း​ခံခဲ့​ပါတယ်။ ဒီ​နေ့​ပဲ အိုင်အယ်လ်အိုရုံး​ကို တိုင်ကြား​ပေး​တာလို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ကွန်ရက်ရဲ့​ ဦး​သက်​ဝေက ​ပြောပါတယ်။

“၅ လ​လောက်ကြာ​အောင် ​နေခဲ့​ရတယ်။ ဒီလို အလုပ်လုပ်​ပေး​ခဲ့​ရတယ်။ ပိုက်ဆံလည်း​ တပြား​မှမ​ပေး​ဘူး​။ ရတဲ့​ ပိုက်ဆံကို သူတို့​ပဲ အကုန်လုံး​ ​ခေါင်း​ပုံဖြတ်တာ။ အမှန်က​တော့​ ​ခေါင်း​လုပ်တာ​ပေါ့​။ ၅ လ​လောက်ကြာပြီး​တော့​ ၂ လပိုင်း​ ၂၄ရက်​နေ့​မှာ ထွက်​ပြေး​လာတာ။ ထွက်​ပြေး​ လွတ်​မြောက်လာပြီး​တော့​ အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ်ရုံး​ကို တိုင်တန်း​ဖို့​အတွက်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို အကူအညီ​တောင်း​တယ်၊​ ဒီ​နေ့​ပဲ တိုင်လိုက်ပြီ။ အိုင်အယ်လ်အိုရုံး​ကလည်း​ လက်ခံထား​လိုက်တယ်။ အဲဒီမှာ ပြည့်​တန်ဆာအဖြစ်နဲ့​ လုပ်ကိုင်ခိုင်း​နေတဲ့​ အချိန်မှာပဲ ​ကောင်မ​လေး​က ၂ ကြိမ်​လောက် ထွက်​ပြေး​ဖူး​တယ်။ ပြန်ဖမ်း​တယ်၊​ ပြန်ဖမ်း​ပြီး​တော့​ ရိုက်တယ်၊​ ညှဉ်း​ပန်း​နှိပ်စက်တယ်၊​ ​နောက်ပြီး​တော့​ ပြည့်​တန်ဆာလုပ်ငန်း​ ခွင့်​ပြုရန်အတွက် ​ကျောင်း​ကုန်း​မြို့​နယ် ရဲတပ်ဖွဲ့​က​နေ သူတို့​မှာ လိုင်း​ကြေး​လာ​ကောက်တဲ့​အခါတိုင်း​မှာ ပိုက်ဆံမ​ပေး​ပဲနဲ့​ ​ကောင်မ​လေး​ကို ရဲတပ်ဖွဲ့​ဝင်​တွေနဲ့​ ​ပျော်ပါး​ဖို့​အတွက် ထည့်​ပေး​လိုက်တယ်။ ​ပြောင်း​သွား​ပြီဖြစ်တဲ့​ စခန်း​မှူး​အစ ​အောက်​ခြေရဲဝန်ထမ်း​တွေ အား​လုံး​ ​ကောင်မ​လေး​ကို အတင်း​အဓမ္မ ​ပျော်ပါး​မှု​တွေ လုပ်ကြတယ်။ က​လေး​က အဖြစ်အပျက်​တွေကို အစက​နေအဆုံး​ထိ အကုန်လုံး​သိထား​တယ်။ ခိုင်လုံတဲ့​ အ​ထောက်အထား​တွေလည်း​ရှိတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​က အိုင်အယ်လ်အိုရုံး​ကို တိုင်တန်း​ပေး​ခဲ့​တယ်။”

အိုင်အယ်လ်အိုကို မတိုင်ကြား​ခင် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ဆီ တိုင်ကြား​ပေမယ့်​ ကူညီ​ဆောင်ရွက်တာမရှိတဲ့​အပြင် ကာယကံရှင် အမျိုး​သမီး​ငယ်နဲ့​ သူ့​အ​ဖေကိုပါ ခြိမ်း​ခြောက်တာ​ကြောင့်​ လုံခြုံ​ရေး​ စိုး​ရိမ်ရတယ်လို့​ ဦး​သက်​ဝေက ​ပြောပါတယ်။

ဒီကိစ္စကို မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကော်မရှင်ထံ ဘာ​ကြောင့်​ မတိုင်ကြား​ပါသလဲလို့​ ဦး​သက်​ဝေကို ​မေး​မြန်း​ရာမှာ ခုလို ဆိုပါတယ်။

“အား​ကိုး​လို့​ မရဘူး​။ ဘာဖြစ်လို့​ အား​ကိုး​လို့​ မရသလဲဆိုရင် ကျ​နော်တို့​က ခံခဲ့​ရပြီး​ပြီ။ ကျ​နော်တို့​ ကိုယ်တိုင် သွား​တိုင်တာကို ​ရောက်ကတည်း​က လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရတာပဲ။ ဝင်ခွင့်​တောင် မ​ပေး​ဘူး​။ ဘယ်လိုလုပ် တိုင်မလဲ။ နိုင်ငံ​ရေး​အရ အမြတ်ထုတ်ချင်လို့​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ဆိုပြီး​ ဖွင့်​ထား​တာ။ အား​ကိုး​လို့​လည်း​ မရသလို့​၊​ ယုံကြည်စရာလည်း​ အ​ကြောင်း​ မရှိဘူး​။ တင်ထား​တဲ့​ တချို့​ကိစ္စ​တွေ၊​ လယ်သမား​ ကိစ္စ​တွေ၊​ သူတို့​က ပြန်ပြီး​တော့​ ဒါ​တွေက အမှု မ​မြောက်ပါဘူး​။ ဒါ​တွေက ဘယ်လို တရား​စွဲလိုက်ပါ။ ဒါ​လောက်ပဲ အကြံပြုတာ။ သူတို့​ ဘာမှ လုပ်လို့​ရတာ မဟုတ်ဘူး​။ ဘာမှလည်း​ လုပ်ပိုင်ခွင့်​လည်း​ မရှိဘူး​။ လုပ်​ပေး​ချင်တဲ့​ စိတ်ဆန္ဒလည်း​ မရှိဘူး​လေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013