Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် အမျိုးသားတဦး ဆွဲကြိုးချသေဆုံး
DVB
·
July 13, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တမာကန်အုပ်စု မင်းကုန်းရွာ ဇူလိုင်လ ၁၃ ရက် မွန်းလွဲ ၁ နာရီလောက်က အမျိုးသားတဦး ထုတ်တန်းမှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ တာဝန်ကျအရာရှိ ဒုရဲအုပ်သိန်းဇော်သန်းက “၄ ပင်၊ ၃ ပင် နှစ်ထပ်အိမ် အပေါ်ထပ် ၈ ပေ အမြင့် ထုတ်တန်းမှာ အပြာရောင်နိုင်လွန်ကြိုးချည်ပြီး ဆွဲကြိုးချတယ်၊ ပြင်ပဒဏ်ရာ မတွေ့ဘူး” လို့ ပြောပါတယ်။ ဦးလေးဖြစ်သူ ဦးတင်မြင့် က "ဦးစိန်မြိုင်က လူပျိုကြီးပါ။ သူ့အမေ၊ သူ့အမ နဲ့ မိသားစု ၃ ယောက်အတူနေတယ်။ နေ့တိုင်းလိုလို အရက်သောက်တယ်။ တောင်သူလုပ်တယ်။ အရက်ကြောင်ပြီး တယောက်တည်း စကားပြောနေတတ်တယ်။ အခုလည်း အရက်များပြီး ဖြစ်သွားတယ် ထင်တယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024