A d v e r t i s e m e n t With Us

ဝမ်းတွင်းမြို့နယ်တွင် အမျိုးသားတဦး ဆွဲကြိုးချသေဆုံး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တမာကန်အုပ်စု မင်းကုန်းရွာ ဇူလိုင်လ ၁၃ ရက် မွန်းလွဲ ၁ နာရီလောက်က အမျိုးသားတဦး ထုတ်တန်းမှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ တာဝန်ကျအရာရှိ ဒုရဲအုပ်သိန်းဇော်သန်းက “၄ ပင်၊ ၃ ပင် နှစ်ထပ်အိမ် အပေါ်ထပ် ၈ ပေ အမြင့် ထုတ်တန်းမှာ အပြာရောင်နိုင်လွန်ကြိုးချည်ပြီး ဆွဲကြိုးချတယ်၊ ပြင်ပဒဏ်ရာ မတွေ့ဘူး” လို့ ပြောပါတယ်။ ဦးလေးဖြစ်သူ ဦးတင်မြင့် က "ဦးစိန်မြိုင်က လူပျိုကြီးပါ။ သူ့အမေ၊ သူ့အမ နဲ့ မိသားစု ၃ ယောက်အတူနေတယ်။ နေ့တိုင်းလိုလို အရက်သောက်တယ်။ တောင်သူလုပ်တယ်။ အရက်ကြောင်ပြီး တယောက်တည်း စကားပြောနေတတ်တယ်။ အခုလည်း အရက်များပြီး ဖြစ်သွားတယ် ထင်တယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up