သေမင်း​တမန်ရထား​လမ်း​ ပြန်ပြင်မည်

ဒုတိယကမ္ဘာစစ်အတွင်း​က ဖက်ဆစ်ဂျပန်​တွေ ​ဖောက်လုပ်ခဲ့​တဲ့​ ထိုင်း​-မြန်မာ ဆက်လမ်း​ကြောင်း​ဖြစ်တဲ့​ ​သေမင်း​တမန်ရထား​လမ်း​ကို ပြန်လည် ​ဖောက်လုပ်ပါ​တော့​မယ်။ မွန်ပြည်သစ်ပါတီနဲ့​ အပစ်အခတ် ရပ်စဲပြီး​တဲ့​အခါ ​သေမင်း​တမန် ရထား​လမ်း​ကို ပြန်လည် ပြုပြင်မယ့်​အ​ကြောင်း​ အစိုး​ရ တာဝန်ရှိသူ​တွေက ​ပြောဆိုခဲ့​တယ်လို့​ ​မော်လမြိုင်မြို့​ လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။ “ဝန်ကြီး​ ဦး​အောင်မင်း​က​တော့​ ငြိမ်း​ချမ်း​ရေး​တွေ ရပြီး​ရင် ဘုရား​သုံး​ဆူနဲ့​ ​မော်လမြိုင်၊​ သံဖြူဇရပ်။ အရင်တုန်း​က ​သေမင်း​တမန်လမ်း​ မိုင် ၆ဝပဲရှိတယ်။ အဲ့​ဒါကို ပြီး​အောင်​ဖောက်မယ်။ ဒါ တခု​ပေါ့​။ တိုင်း​ရင်း​သား​တွေလည်း​ ​ဆောင်ရွက်နိုင်မယ်။ ​နောက် စက်မှုလက်မှုလုပ်ငန်း​တွေ အ​ခြေအ​နေအခွင့်​အလမ်း​တွေ ရမယ်​ပေါ့​။ ငြိမ်း​ချမ်း​ရေး​အဖွဲ့​တွေလည်း​ ရှိ​နေ​တော့​ လုပ်ငန်း​နဲ့​ပတ်သတ်ပြီး​တော့​ ​သေချာ​ပြောသွား​တယ်။” မွန်ပြည်သစ်ပါတီနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်မထိုး​ခင် ​မော်လမြိုင် ကမ်း​နား​လမ်း​က ထူး​ဟိုတယ်မှာ ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့​ညက ကျင်း​ပတဲ့​ ညစာစား​ပွဲမှာ ကုန်သည်​တွေ၊​ လုပ်ငန်း​ရှင်​တွေနဲ့​ ရပ်မိရပ်ဖ​တွေကို ဖိတ်ကြား​ရာမှာ ​ပြောဆိုခဲ့​တာပါ။ ရထား​လမ်း​ ပြန်လည်ပြုပြင်​ရေး​မှာ တိုင်း​ရင်း​သား​လုပ်ငန်း​ရှင်​တွေ ပါဝင် ​ဆောင်ရွက်ဖို့​ ဖိတ်​ခေါ်ခဲ့​တယ်လို့​ ဆိုပါတယ်။ ​သေမင်း​တမန် ရထား​လမ်း​ကို ထိုင်း​နိုင်ငံ ဘန်​ပေါင် (Ban Pong) ဘူတာမှ သံဖြူဇရပ် ဘူတာအထိ မိုင် ၁၇၀ ​ကျော်ကို အရင်တုန်း​က ​ချွေး​တပ်သား​နဲ့​ စစ်သုံ့​ပန်း​တွေကို အဓမ္မ​ခေါ်ယူခိုင်း​စေပြီး​ ​ဖောက်လုပ်ခဲ့​တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား​ ၇၈၀,၀၀၀ အပါအဝင် မဟာမိတ်စစ်သုံ့​ပန်း​တွေ ​ထောင်နဲ့​ချီ ​သေဆုံး​ခဲ့​တဲ့​ မီး​ရထား​လမ်း​ပိုင်း​ ဖြစ်ပါတယ်။ ညစာစား​ပွဲကို ပြည်​ထောင်စုဝန်ကြီး​တွေဖြစ်တဲ့​ မီး​ရထား​ဝန်ကြီး​ ဦ​အောင်မင်း​၊​ ဦး​စိုး​သိန်း​နဲ့​ လျှပ်စစ်ဝန်ကြီး​၊​ သစ်​တောဝန်ကြီး​တို့​လည်း​ တက်​ရောက်ပြီး​ တိုင်း​ရင်း​သား​တွေ လုပ်ငန်း​တွေ လုပ်ခွင့်​ရဖို့​ ဖွင့်​ပေး​ထား​ပုံနဲ့​ မွန်နဲ့​ ကရင်နယ်​တွေမှာ ​ဒေသခံ​တွေ အလုပ်အကိုင် အခွင့်​အလမ်း​ ​ပေါ်​ပေါက်​စေမယ့်​ စက်မှုဇုန်​တွေ အ​ကောင်အထည်​ဖော်​ရေး​ ကိစ္စ​တွေ ​ပြောဖြစ်ကြတယ်လို့​ ဆိုပါတယ်။ “ငြိမ်း​ချမ်း​ရေး​အပိုင်း​လည်း​ တဖက်က ​ဆွေး​နွေး​ကြတယ်​ပေါ့​။ ကျ​နော်တို့​ မြို့​မိမြို့​ဖ​တွေအ​နေနဲ့​ ကုန်သည်​တွေအ​နေနဲ့​က​တော့​ လုပ်ငန်း​ကိစ္စ​တွေကို ဖွင့်​ပေး​တဲ့​ သ​ဘောမျိုး​ပဲ။ ဦး​စိုး​သိန်း​က​တော့​ ဘယ်ကိစ္စမျိုး​မဆို သူ့​ဆီလာခဲ့​ပါ တနာရီမကြာ​စေရဘူး​။ သူလုပ်​ပေး​မယ်ဆိုပြီး​ မြို့​မိမြို့​ဖ​တွေကို ကတိ​ပေး​တယ်​ပေါ။့​ ကျ​နော်​တော့​ သိပ်​တော့​ သ​ဘောမ​တွေ့​လှပါဘူး​။ သူ​ပေး​တာ​တွေက ကြီး​မား​တဲ့​ လုပ်ငန်း​စဉ်​တွေ​လေ။ စီမံကိန်း​ အကြီး​တွေဆို​တော့​ တိုင်း​ရင်း​သား​တွေက အဆင်သင့်​ မဖြစ်​သေး​ဘူး​လို့​ ထင်တယ်​လေ။” ဒါ​ပေမယ့်​ ဒီလို ရင်း​နှီး​မြှုပ်နှံမှု ကြီး​မား​တဲ့​ လုပ်ငန်း​တွေအတွက် ​ဒေသတွင်း​ တည်ငြိမ်ရမှာ ဖြစ်သလို ပြည်ပ ရင်း​နှီး​မြှုပ်နှံမှု​တွေ လာမှလည်း​ လုပ်ဖြစ်လိမ့်​မယ်လို့​ ဆိုပါတယ်။ ဒါ့​အပြင် ရပ်မိရပ်ဖ လုပ်ငန်း​ရှင်​တွေ ဘက်ကလည်း​ လာမယ့်​နှစ် ခရီး​သွား​ရာသီမှာ အပစ်အခတ်ရပ်စဲ​ရေး​တွေ ဖြစ်​မြောက်လို့​ ခရီး​သည်​တွေလာရင် တပိုင်တနိုင် ခရီး​သွား​လုပ်ငန်း​တွေကို အား​ပေး​ကူညီဖို့​ တိုက်တွန်း​ခဲ့​ကြတယ်လို့​ ဆိုပါတယ်။ ဒီညစာစား​ပွဲဟာ ဒီလ ၂၄ ရက်​နေ့​မှာ ကျင်း​ပခဲ့​တာဖြစ်ပြီး​ ၂၅ ရက်​နေ့​မှာ​တော့​ အစိုး​ရနဲ့​ မွန်ပြည်သစ်ပါတီအကြား​ အပစ်အခတ်ရပ်စဲပြီး​ နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ သ​ဘောတူခဲ့​ပါတယ်။

More News
Up