လျှစ်စစ်နှင့် စွမ်းအင်ဝန်ကြီးအပြောင်းအလဲမရှိဟု အမြဲတမ်းအတွင်းဝန်ဖြေရှင်း(ရုပ်သံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 13, 2017
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲရှိတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလတွေသာဖြစ်ပြီး ၀န်ကြီးကျန်းမာရေးအရ ခွင့်ယူထားတာသာ ဖြစ်တယ်လို့ ဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောပါတယ်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းအနေနဲ့ ကျန်းမာရေးအခြေ အနေကြောင့် ခွင့်တလယူပြီး ဆေးဝါးကုသနေတာသာ ဖြစ်တယ်လို့လည်း ဦးဌေးအောင်က ပြောပါတယ်။
ဝန်ကြီးကျန်းမာရေးမကောင်းတဲ့အတွက် လက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ခေတ္တ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။