Home
မြန်မာသတင်း
သာစည်-ရပ်စောက် ရထားပေါ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦး ဖမ်းမိ
DVB
·
July 13, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-ရပ်စောက်ရထား တွဲအမှတ် ၁၀၈၄၃ အထက်တန်းတွဲမှာ ဇူလိုင်လ ၁၁ ရက် ည ၈ နာရီက ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား ၁၉၂ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းတမာပင် ရဲစခန်းက ပြောပါတယ်။ ရပ်စောက်ဘက်က ဆင်းလာတဲ့ ရထားကို ဘုရားငါးဆူးနဲ့ယင်းမာပင်ကြားရာ ခုံအမှတ် A8 နဲ့ D6မှာ ထိုင်လာတဲ့ သူရကျော်(ခ)ဇင်လှိုင် နဲ့ ဇနီးဖြစ်သူ မဝင်းမာထွေး တို့နှစ်ဦးဆီက ရှာဖွေသိမ်းဆည်း ရမိခဲ့တာပါ။ ဒုရဲအုပ်ချစ်ကိုကို က “မူးယစ်တပ် ဖွဲ့က ရဲအုပ်ခွန်အောင်ကိုကို နဲ့ပူးပေါင်းဖမ်းပါတယ်။ ပင်နဆလင်ပုလင်းနဲ့ ဘိန်းဖြူ ၀ ဒသမ ၁ ဂရမ်၊ စိတ်ကြွဆေးပြား ၂၉၉၃ ပြား၊ ဆေးခြောက် ၆ ကီလိုဂရမ်၊ အဝါရောင်ဘိန်းဖြူမှုန့် ၅ ဂရမ်ဖမ်းမိတယ်။  ကာလတန်ဖိုး ၂၉၂သိန်း ၆ သောင်း ၅ ထောင်ဖိုး ဖမ်းမိပါတယ်” လို့ ပြောပါတယ်။ ယင်းမာပင်ရွာ ရဲစခန်းက သူရကျော်(ခ)ဇင်လှိုင် နဲ့ ဇနီးဖြစ်သူ မဝင်းမာထွေး တို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ပုဒ်မ သုံးစွဲ/လက်ဝယ်ထား/ရောင်းချ/ထုတ်ဖြန့် ၁၅/၁၉-က/၂၀-က/၂၁ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024