DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်များ​ တက်​ရောက်မည့်​ စာအုပ်မိတ်ဆက်ပွဲ ဖျက်ခံရ
DVB
·
February 27, 2012
၈၈ မျိုး​ဆက်များ​ တက်​ရောက်မည့်​ စာအုပ်မိတ်ဆက်ပွဲ ဖျက်ခံရ
Donate to DVB

ကိုမင်း​ကိုနိုင်နဲ့​ ၈၈ မျိုး​ဆက်​တွေ တက်​ရောက်လက်မှတ်ထိုး​ ​ရောင်း​ချမယ့်​ မန္တ​လေး​က ရာပြည့်​ စာ​ပေတိုက်ရဲ့​ စာအုပ်မိတ်ဆက်ပွဲအစီအစဉ်ကို သက်ဆိုင်ရာက ဖိအာ​ပေး​လို့​ ဖျက်လိုက်ရတယ်လို့​ စာအုပ်ဆိုင်ပိုင်ရှင် ကိုပုည​ဆွေက ​ပြောပါတယ်။

[caption id="attachment_21765" align="alignright" width="300" caption="​၈၈ မျိုးဆက်များ မန္တလေး မဟာမြတ်မုနိဘုရား ဖူးမြော်စဉ်"][/caption]

ကိုမင်း​ကိုနိုင်တို့​အဖွဲ့​ မန္တ​လေး​ကို​ရောက်​နေတုန်း​မှာ "၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲ" စာအုပ်မိတ်ဆက်ပွဲကို မနက်ဖြန်လုပ်ဖို့​ စီစဉ်ထား​တာကို ဖျက်လိုက်ရတဲ့​အပြင် စာအုပ်တိုက်ကိုလည်း​ ဒီနှစ်အကုန်မှာ ​နေရာ​ပြောင်း​ဖို့​ ကြိုတင်သတိ​ပေး​ခဲ့​တယ်လို့​ ကိုပုည​ဆွေက ​ပြောပါတယ်။

“ကျ​နော့်​ဆိုင်ခန်း​က အဆင့်​မြင့်​ပညာဦး​စီး​ဌာနက ပိုင်တဲ့​ ​မြေ​ပေါ်မှာ ​ဆောက်ထား​တဲ့​ ဆိုင်ခန်း​။ အဲ့​လိုဖြစ်တဲ့​အတွက် မ​နေ့​က ည​နေ ၄နာရီမှာ ကျ​နော့်​ကို ​ခေါ်​တွေ့​ပြီး​တော့​ အဆင့်​မြင့်​ပညာဦး​စီး​ဌာန ပိုင်တဲ့​ ​မြေ​ပေါ်မှာ သူတို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေရဲ့​ စာအုပ်လက်မှတ်​ရေး​ထိုး​ပွဲကို ခွင့်​မပြုနိုင်ဘူး​ဆိုပြီး​ ​ခေါ်ပြီး​ ပိတ်ပင်တယ်။ ကျ​နော်တို့​ဘက်က လိုက်ညှိနှိုင်း​တာလည်း​ အဆင်မ​ပြေဘူး​။ အဆင်မ​ပြေတဲ့​အတွက် ​နောက် စာချုပ်ကုန်ရင် ရာပြည့်​ မန္တ​လေး​စာအုပ်တိုက်ကို ဆက်လက်ငှား​ရမ်း​ခွင့်​မပြု​တော့​ဘူး​ဆိုတဲ့​ နှုတ်မိန့်နဲ့​ ထွက်လာတယ်။ ဒီပွဲက​တော့​ ဖျက်လိုက်ရပြီ​ပေါ့​။”

ငှား​ရမ်း​စာချုပ်က ဒီနှစ်ကုန်ပိုင်း​မှာ သက်တမ်း​ကုန်မှာဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲ ပျက်သွား​ပေမယ့်​ "၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲ" စာအုပ်ကို​တော့​ ဆက်​ရောင်း​ချ​နေပြီး​ လူ​တွေလည်း​ စိတ်ဝင်တစား​ ဝယ်ယူ​နေကြတယ်လို့​ ကိုပုည​ဆွေက ​ပြောပါတယ်။

ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​တို့​ ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ အဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က ကချင်ပြည်နယ် မြစ်ကြီး​နား​ကို သွား​ရောက်ခဲ့​ပြီး​နောက် အပြန်မှာ မန္တ​လေး​ကို ​ရောက်​နေတာပါ။

ဒီ​နေ့​မှာ မန္တ​လေး​မြို့​က ဘုန်း​ကြီး​ကျောင်း​တွေကို သွား​ရောက်ဖူး​မျှော်တဲ့​အခါမှာ လမ်း​တ​လျှောက်မှာ မြို့​ခံ​တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့​ကြပါတယ်။

ဒါ့​အပြင် မန္တ​လေး​မြို့​ပေါ်က နာမည်​ကျော် သဘင်ပညာရှင်​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​တယ်လို့​ မန္တ​လေး​မြို့​က လူရွှင်​တော် ဦး​ပါပါ​လေး​က ​ပြောပါတယ်။

“ကိုမင်း​ကိုနိုင်က မန္တ​လေး​ကို တာဝန်တခုနဲ့​လာတဲ့​အခါကျရင် ဦး​ပါ​လေး​တို့​ အိမ်ကိုလာပြီး​ သဘင်အနုပညာရှင်​တွေနဲ့​ ​တွေ့​ချင် ဆုံချင်ပါတယ်တဲ့​။ ဦး​ပါ​လေး​က ကမကထလုပ်ပြီး​ ဆုံ​ပေး​ပါဆိုလို့​ ကျ​နော် စီစဉ်​ပေး​လိုက်တာပါ။ ရယ်စရာ ​မောစရာ ​ရှေး​ဟောင်း​နှောင်း​ဖြစ်​တွေ ​ပြောကြတာပါ။”

ကိုမင်း​ကို​နိုင်​တို့​ကို​ ဦး​ပါပါ​လေး​ ​အပါအဝင် သဘင်အနုပညာရှင်​တွေဖြစ်ကြတဲ့​ နှုတ်ခမ်း​မွှေး​၊​ လူ​မော်၊​ လူ​ဇော်၊​ ​ကျော်ကြား​၊​ တက်တူး​၊​ ချစ်စရာ၊​ လူရွှင်​တော်​တွေနဲ့​ မင်း​သမီး​တွေက​ ကြိုဆို​တွေ့​ဆုံခဲ့​ကြပါ​တယ်​။

ကိုမင်း​ကိုနိုင်တို့​ အဖွဲ့​ဟာ မနက်ဖြန်မှာ မြို့​မိမြို့​ဖ​တွေနဲ့​ ​တွေ့​ဖို့​ စီစဉ်ထား​ပြီး​ ၂၉ ရက်​နေ့​မှာ ရန်ကုန်ပြန်ဆင်း​မယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013