Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၅ ဦး ဖမ်းမိ
DVB
·
July 13, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျွဲကူးရွာအနီး လယ်တဲတခုမှာ မူးယစ်ဆေးဝါး ကျပ်သိန်း ၃၀ ကျော်ဖိုးကို ဇူလိုင်၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ မနက် ၁ နာရီခွဲအချိန်က အင်းတော်မြို့မရဲစခန်းမှာ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် အောင်အောင်ဟာ သက်သေတွေနဲ့အတူ အင်းတော်မြို့နယ် ကျွဲကူးရွာ အရှေ့ဘက် လယ်ကွင်းပြင် တောစပ်ရှိ လူမနေတဲ့ လယ်တဲမှာ မူးယစ်ဆေးဝါးတွေ ဝိုင်းဖွဲ့သုံးစွဲ ရောင်းချနေတယ်ဆိုတဲ့ သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ လယ်တဲပေါ်မှာ နိုင်မင်းထွန်း(ခ)ငတုတ်၊ မျိုးမင်းထွန်း(ခ)တာချိန်၊ စိုးမင်းအောင်၊ လှမျိုးဦး(ခ)လှမျိုးဝင်း၊ ရွှေအောင်(ခ)မြင့်ထွန်း၊ ဦးကျော်(ခ)ကျော်နိုင်ဝင်း၊ တင်အောင်ထွန်း၊ ဝင်းကျော်ထွန်း၊ မျိုးလွင်တို့ ၉ ဦးကို ဝိုင်းဖွဲ့ထိုင်ပြီး မူယစ်ဆေးဝါး သုံးစွဲနေတာကို တွေ့ရှိရပြီး ဝင်ရောက်ဖမ်းဆီးရာ ဦးကျော်(ခ)ကျော်နိုင်ဝင်း၊ တင်အောင်ထွန်း၊ ဝင်းကျော်ထွန်း၊ မျိုးလွင်တို့ ၄ ဦးဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ကျန် ၅ ဦးကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော် မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ သူတို့ ၉ ဦး ဝိုင်းဖွဲ့ထိုင်နေတဲ့ ဝိုင်းထဲက ဘိန်းဖြူ အလေးချိန် ၃၀ ဒသမ ၇၁ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၃,၀၇၁,၀၀၀၊ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂၀ ပြား ကာလတန်ဖိုး ကျပ်သိန်း ၆၀၀,၀၀၀ နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီး နိုင်မင်းထွန်း(ခ)ငတုတ်၊ မျိုးမင်းထွန်း(ခ)တာချိန်၊ စိုးမင်းအောင်၊ လှမျိုးဦး(ခ)လှမျိုးဝင်း၊ ရွှေအောင်(ခ)မြင့်ထွန်း တို့ ၅ ဦးကို အင်းတော်မြို့မရဲစခန်းမှ မယ(ပ) ၅၉/၂၀၁၇ မူးစိတ်၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024