A d v e r t i s e m e n t With Us

ကော့သောင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြို၍ ကားလမ်းပိတ်ဆို့မှုဖြစ်

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဇူလိုင် ၁၂ ရက်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မိုးအဆက်မပြတ် မိုးရွာသွန်းခဲ့တာကြောင့် ကော့သောင်း-ဘုတ်ပြင်း ကားလမ်း ပြည်ထောင်စုလမ်းမကြီး ရွှေပြည်စိုးကျေးရွာအပိုင် မိုင်တိုင်အမှတ်(၄) ဇိနဗုဒ္ဓဘုန်းတော်ကြီးကျောင်း အပေါ်ဘက် ကားလမ်းမှ အမြင့်ပေ ၁၅၀ ၊ အရှည်ပေ ၁၀၀ လောက်ရှိတဲ့ မြေသားထုပြိုကျပြီး ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။ ပိတ်ဆို့နေတဲ့ မြေသားတွေကို မီးသတ်တပ်ဖွဲ့ ကြက်ခြေနီတပ်ဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ကော့သောင်းတပ်နယ်မှ တပ်မတော်သားတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေက ယာဉ်တွေနဲ့ လမ်းပေါ်ရောက်နေတဲ့ မြေသားတွေကို ဖယ်ရှားကြရာ ၁ နာရီ အတွင်း ကားလမ်းပွင့်သွားခဲ့ပြီး ပုံမှန်သွားလာနိုင်ခဲ့ပါတယ်။ “မိုးကနှစ်ရက်ဆက်တိုက် မနားဘဲရွာတာ။ ရွာလိုက်ရင်လည်း ရေတအားပါတော့ နဂိုကမှအိနေတဲ့ တောင်တွေပြိုတာပေါ့။ တော်သေးတယ်ပြိုကျတဲ့အချိန် လမ်းသွားလမ်းလာတွေ မရှိလို့ လူနဲ့ယာဉ်တွေ အထိအခိုက်မရှိတာ” လို့ မြို့ခံတဦးက ပြောပါတယ်။ လတ်ကိုကိုဦး

A d v e r t i s e m e n t With Us

More News
Up