Live
Home
မြန်မာသတင်း
ကမ်းပါးပြိုပြီး နေအိမ်ပြောင်းရွှေ့ခဲ့ရသည့်သူများကို အရေးပေါ်အဆောက်အဦများ တရုတ်လှူဒါန်း
DVB
·
July 12, 2017
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်တွင်းရှိ ဇလွန်၊ အင်္ဂပူမြို့နယ်ထဲက ဧရာဝတီမြစ်ကမ်းပါးနဲ့ ငဝန်မြစ်ကမ်းပါးပြိုပြီး နေအိမ်ပြောင်းရွှေ့ခဲ့ရတဲ့ သူတွေအတွက် တရုတ်နိုင်ငံက အရေးပေါ် အဆောက်အဦတွေကို ဒီနေ့မနက်ပိုင်းက လှူဒါန်းပေးအပ်ခဲ့ပါတယ်။ ဇူလိုင်လ ပထမအပတ်ကစတင်ပြီး ဧရာဝတီမြစ်ကမ်းပါး ပြိုတာတွေနဲ့ ငဝန်မြစ်ကမ်းပါး ပြိုတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဟင်္သာတခရိုင်တွင်းက စစ်ကုန်းကျေးရွာအုပ်စုနဲ့ ဂွေးတောက်ချောင်းကျေးရွာ အုပ်စု လူဦးရေ ၂၇၀ ကျော်ရဲ့ နေအိမ်တွေ ရွှေ့ပြောင်းခဲ့ရတာပါ။ ညောင်းကျိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက “ခုအဆောက်အဦက အနံ ၁၈ ပေ အလျားပေ ၉၀ အဆောက်အဦပါ၊ အဆောက်အဦကတော့ တရုတ်က လှူတာပါ။ အဆောက်အဦကို ရန်ကုန်မှာ သွားသယ်ရပါတယ်။ တည်ဆောက်တာရော၊ မြေနေရာတွေပါ ကျနော်တို့က ကိုယ်ထူကိုယ်ထနဲ့ အရပ်က လုပ်ကြပါတယ်။ တည်ဆောက်ပြီး လောလောဆယ် သိန်း ၂၀ လောက် ကုန်ကျပါတယ်။ ညောင်းကျိုးဒေသအတွင်းက အုပ်စု ၈ ခုရဲ့ ကုန်းမြင့်ဖြစ်တဲ့ ခုညောင်ကျိုးကျေးရွာအုပ်စုမှာ တည်ဆောက်ထားရှိတာပါ။ လောလောဆယ် ငဝန်မြစ်ရေနဲ့ ဧရာဝတီမြစ်ရေဟာ နောက် ၄၈ နာရီမှာ စိုးရိမ်ရေအမှတ် ရောက်ရှိတော့မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ စံပြကျွန်းကျေးရွာနေ ဦးမြဝင်းကတော့ “၁၉၉၆ ခုနှစ်လောက်ကတည်းက ကမ်းပြိုတဲ့ဒဏ်တွေ ခံစားနေရတာပါ။ ခုခေတ်လို အင်နဲ့အားနဲ့ ကြိုတင်ပြင်ဆင်တာတွေ၊ ကူညီမှုပေးတာတွေ ဒါ ပထမဆုံး တွေ့ကြုံရတာပါ” လို့ ပြောပါတယ်။ ခုရက်အတွင်း ဟသာင်္တခရိုင် လူကယ်ပြန်က ညောင်ကျိုးဒေသကို လာရောက်ပြီး သဘာဝ ဘေးအန္တရာယ်အတွက် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြတာတွေ၊ ဟောပြောတာတွေ ပြုလုပ်လျက်ရှိပါတယ်။ သတင်း၊ ဓာတ်ပုံ - သန်းထိုက်မြင့်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024