Home
မြန်မာသတင်း
ဗိုလ်မှူးကြီးဗထူးကြေးရုပ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် ဖွင့်လှစ်
DVB
·
July 12, 2017
ဖက်ဆစ်ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ (၁၀၁) နှစ်ပြည့် အထိမ်းအမှတ် ဗိုလ်မှူးကြီးဗထူးရဲ့ ကြေးရုပ်ဖွင့်လှစ်ပွဲ အခမ်းအနားကို  ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ ဗထူးရင်ပြင်မှာ ဇူလိုင် ၁၂ ရက် မနက်က ကျင်းပပါတယ်။ ဗိုလ်မှူးကြီးဗထူးရဲ့ ပုံစံတူ ကြေးရုပ်တုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ အင်းတိုင်းရင်သားဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ဗိုလ်မှူးကြီးဗထူးရာပြည့် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင့်၊ ရွာငံမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဘဏ္ဍာရေးဝန် ကြီးဦးစိုင်းရှန်တစ်လုံ၊ ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း၊ အင်းတိုင်းရင်းသားဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ရာပြည့်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင့်တို့က အမှာစကားပြောခဲ့ကြပြီး ရာပြည့်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမင်းထွဋ်က ဗိုလ်မှူးကြီးဗထူးရဲ့ အောက်မေ့ဖွယ်ဘဝခရီး လမ်းကို ဟောပြောခဲ့ပါတယ်။ ဗိုလ်မှူးကြီးဗထူးရဲ့  ကြေးရုပ်တုအသစ်ကို ၂၀၁၆ ခုနှစ်က စတင်သွန်းလုပ်ခဲ့ပြီး ခြောက်ပေအမြင့်ရှိကာ ကျပ်ငွေ သိန်း ၆၀ အကုန်ကျခံ သွန်းလုပ်ခဲ့တာပါ။ အရင်ကထားရှိခဲ့တဲ့ ကြေးရုပ်ကိုယ်တပိုင်းပုံကို ခန်းမအတွင်းမှာ ပြောင်းလဲထားရှိမယ်လို့ ရာပြည့်ကော်မတီ ဒုတိယဥက္ကဋ္ဌဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။ သတင်း - ကိုကြည်(ပင်းတယ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024