ဒီမိုကရက်တစ်မြန်မာ့အသံ ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ ရောက်ရှိ
DVB
·
February 27, 2012
ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးအေးချမ်းနိုင်ဟာ ဒီနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို တရားဝင် သွားရောက်ပါတယ်။
[caption id="attachment_21753" align="alignleft" width="180" caption="ဦးအေးချမ်းနိုင်"][/caption]
ဦးအေးချမ်းနိုင်ရဲ့ ၅ ရက်တာ မြန်မာပြည် ခရီးစဉ်အတွင်းမှာ မြန်မာအစိုးရ တာဝန်ရှိသူတချို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး မြန်မာပြည်တွင်း သတင်းမီဒီယာ ဖွံ့ဖြိုးမှု အခြေအနေကို လေ့လာစုံစမ်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းက သတင်းမီဒီယာမျိုးစုံ၊ အဖွဲ့အစည်းအစုအဖွဲ့ အလွှာအသီးသီးမှာ ဦးဆောင်လှုပ်ရှားနေသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ဒီခရီးစဉ်ဟာ အနှစ် ၂၀ ကျော်ကာလအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ ဦးအေးချမ်းနိုင်ရဲ့ ပထမဆုံး မြန်မာပြည် တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။