DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့ ကို စည်းရေးရေးခရီးသွားရောက်
DVB
·
February 26, 2012
ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့ ကို စည်းရေးရေးခရီးသွားရောက်
Donate to DVB

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်က ပြန်ရောက်လာပြီးနောက် ရန်ကုန်တိုင်း သုံးခွမြို့ကို ဒီကနေ့ မွန်းလွဲပိုင်းက စည်းရုံးရေးခရီး သွားရောက်ခဲ့ပါတယ်။

[caption id="attachment_21744" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသည့် သုံးခွမြို့ခံများ (photo-nldfacebook)"][/caption]

ဒီခရီးစဉ်မှာ သုံးခွမြို့ ဘောလုံးကွင်းအနီးမှာ ပရိတ်သတ်တွေကို  အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ မဲဆွယ် မိန့်ခွန်း ပြောကြားခဲ့ပြီး မြို့ခံလူထုတွေနဲ့ အနီးအနားကျေးရွာတွေက ရဟန်းရှင်လူ ထောင်ပေါင်းများစွာက သွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြို့ခံတွေက မွန်းလွဲပိုင်းကတည်းက စောင့်နေကြပြီး သုံးခွမြို့ကို ညနေ ၄ နာရီလောက်မှ ရောက်ရှိလာတယ်လို့ သုံးခွမြို့ခံ အမျိုးသမီးကြီးတဦးက ပြောပါတယ်။

“မြင်လိုက်ရပါတယ်။ လက်တွေလည်း ပြလိုက်ရပါတယ်။ နောက်ကလည်း ကားတန်းကြီးက မြင်မကောင်းရှူမကောင်းပဲ၊ ရှေ့က သွားထားတဲ့ကားတွေကလည်း မြင် မကောင်းရှုမကောင်း၊ လူတွေက တလမ်းလုံး ပြည့်ကျပ်နေတာပဲ။ သူလည်း ပျော်ပျော်ရွှင်ရွှင်ပဲ တမြို့လုံးကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ၊ နဂိုကတည်းကလည်း လေးစားချစ်ခင်နေတာပဲ ၀မ်းသာပါတယ်။ အောင်မြင် စေချင်ပါတယ်။ သူတို့က ကိုယ်ကျိုးစွန့်ပြီး လုပ်ထားတဲ့သူတွေ ဆိုတော့ အန်တီတို့အနေနဲ့ သူတို့လိုလူတွေ အောင်မြင်သွားရင် ၀မ်းသာရတာပေါ့”

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်မိန့်ခွန်း သွားရောက် နားထောင်ခဲ့တဲ့ သုံးခွမြို့ခံ လူငယ်တဦးကလည်း “ဒေါ်စုစုလွင်ကိုမဲပေးပါ။ မှန်မှန်ကန်ကန်ခြစ်ပါ။ သူတို့က ကျန်းမာရေးနဲ့ပညာရေးကို တိုးတက်အောင် လုပ်ပါ့မယ်တဲ့။ အဲ့လိုမျိုးတွေ ပြောတယ်။  လူကတော် တော်များတာမှ ရေတွက်လို့ မရအောင်ပဲ။  သုံးခွဘောလုံးကွင်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့အချိန်မှာ ဘောလုံးကွင်းကြီးလည်း အပြည့်ပဲ။ သုံးခွမြို့အထွက်မှာ  လူတွေကကို မစဲသေးတာ။ လူတွေမှ အများကြီးပဲ ကျမတော့ ရေတွက်လို့တောင် မရဘူး။ ၀မ်းသာတာပေါ့။”

ရန်ကုန်တိုင်း သုံးခွမြို့နယ်ဟာ လာမယ့် ဧပြီလ တရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် ပြည်သူ့လွှတ်တော် လစ်လပ် မဲဆန္ဒနယ်တခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်စုစုလွင်က ကြံ့ခိုင်ရေးပါတီက ဦးအောင်ကျော်မင်းနဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဦးကြည်သန်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013