DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မီး​လင်း​ရေး​ လှုပ်ရှား​မှု ရန်ကုန်တွင် ပြုလုပ်
DVB
·
February 26, 2012
Donate to DVB

ရခိုင်အမျိုး​သား​တိုး​တက်​ရေး​ပါတီ (RNDP)က ဦး​ဆောင်ပြီး​ ရခိုင်ပြည်နယ်မှာ လျှပ်စီး​မီး​ရရှိ​ရေး​ လှုပ်ရှား​မှုကို ရန်ကုန်မြို့​မှာ ဒီက​နေ့​ ပြုလုပ်ခဲ့​ပါတယ်။

ရခိုင်ပြည်နယ်က​နေ ထွက်တဲ့​ သဘာဝဓာတ်​ငွေ့​တွေ နိုင်ငံရပ်ခြား​ကို တင်ပို့​ ​ရောင်း​ချခဲ့​ပေမယ့်​ ရခိုင်ပြည်သူ​တွေက တစုံတရာ အကျိုး​ခံစား​ခွင့်​ မရတဲ့​အတွက် ဒီလှုပ်ရှား​မှုကို လုပ်​ဆောင်ရတာလို့​ ရခိုင်အမျိုး​သား​တိုး​တက်​ရေး​ပါတီ (RNDP)က အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဦး​လှ​စောက ဒီဗွီဘီကို ​ပြောပါတယ်။

“ကျ​နော်တို့​နိုင်ငံမှာ သဘာဝဓာတ်​ငွေ့​တွေ ရှိတယ်။ ဒါ​တွေကို နိုင်ငံတကာကို အရင်တုန်း​က စစ်အစိုး​ရက ​ရောင်း​ခဲ့​တယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ အခုထက်ထိ လွှတ်​တော်မှာလည်း​ ​မေး​ခွန်း​တွေ ​မေး​ခဲ့​ကြပြီး​ပြီ။ တရား​ဝင်အ​နေနဲ့​ ပါတီက မူဝါဒ​တွေအ​နေနဲ့​လည်း​ ​ပြောခဲ့​ပြီး​ပြီ။ ကျ​နော်တို့​ ရခိုင်ပြည်သူ​တွေဟာ ဘာခံစား​ခွင့်​မှ မရဘူး​ဆိုတဲ့​ဟာ ဖြစ်​နေတယ်။ ဒီဟာနဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်တို့​က လွတ်လပ်​ရေး​ရလာတာ နှစ်​ပေါင်း​ ၆၀ ရှိပြီ ခုထက်ထိ ရခိုင် ​ကျေး​ရွာ​တွေမှာ လျှပ်စစ်မီး​ဆိုတာကို မမြင်ရဘူး​။ မီး​ခွက်​တွေ မှိတ်တုတ်မှိတ်တုတ်နဲ့​ပဲ ​နေခဲ့​ရတယ်။ အဲဒီ​တော့​ မြန်မာပြည်မှာ ဒီမိုက​ရေစီ အ​ပြောင်း​အလဲ​တွေ ဖြစ်​နေပြီဆိုရင် ဒီတိုင်း​ရင်း​သား​ ပြဿနာ​တွေထဲမှာ တိုင်း​ရင်း​သား​တွေရဲ့​ ​ကျေး​လက်ဖွံ့​ဖြိုး​မှု ပြဿနာ၊​ တန်း​တူ​ရေး​ ပြဿနာ​တွေ အပါအဝင် ဒီလျှပ်စစ်မီး​ ရရှိ​ရေး​ဆိုတာ ပြဿနာ ​ပေါင်း​စုံရဲ့​ တခု​ပေါ့​။ အဲဒါကို ကျ​နော်တို့​က ဒီဗမာပြည်မှာ ရှိတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ တခြား​မီဒီယာ အင်အား​စု​တွေ၊​ နိုင်ငံတကာမှာရှိတဲ့​ တခြား​ဒီမိုက​ရေစီ စိတ်ဝင်စား​တဲ့​သူ​တွေ အား​လုံး​ကို သိ​စေချင်တာ​ကြောင့်​ ရန်ကုန်မှာ ကန်ပိန်း​တခုအ​နေနဲ့​ စာတမ်း​ဖတ်ပွဲ လုပ်တယ်။”

ဒီလှုပ်ရှား​မှုကို ရန်ကုန်မြို့​ ​ရွှေဂုံတိုင်က ‘ပျို့​’ ရိုး​ရာစား​သောက်ဆိုင်မှာ ဒီက​နေ့​ မွန်း​လွဲပိုင်း​က ပြုလုပ်တာဖြစ်ပြီး​ ရခိုင်တိုင်း​ရင်း​သား​ဝန်ကြီး​တွေ အပါအဝင် ရခိုင်​ခေါင်း​ဆောင်​တွေ တက်​ရောက် ​ဟော​ပြော ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

RNDP က ဒု-ဥက္ကဋ္ဌလည်း​ဖြစ် လျှပ်စစ်အင်ဂျင်နီယာလည်း​ဖြစ်သူ ဦး​တင်ဝင်း​ က​တော့​ ရခိုင်ပြည်နယ် လျှပ်စစ်မီး​ရရှိ​ရေး​ စာတမ်း​ကို ဖတ်ကြား​သွား​တယ်လို့​ သိရပါတယ်။

တိုင်း​ရင်း​သား​ဒေသက ထွက်ရှိတဲ့​ သံယံဇာတ​တွေကို တိုင်း​ရင်း​သား​တွေ အ​နေနဲ့​ တစုံတရာ ခံစား​ပိုင်ခွင့်​ရှိ​ရေး​ ဥပ​ဒေအရ ပြဌာန်း​ဖို့​ လိုသလို ရခိုင်ပြည်နယ်က ထွက်ရှိတဲ့​ ဓာတ်​ငွေ့​ကို ရခိုင်ပြည်သူများ​ ခံစား​ခွင့်​မရတာဟာလည်း​ တရား​မျှတမှု မရှိဘူး​လို့​ ဦး​လှ​စောက ​ပြောပါတယ်။

ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ လွှတ်​တော် အစည်း​အ​ဝေး​တွေမှာ ရခိုင်အမတ်​တွေက ​ဆွေး​နွေး​ခဲ့​ကြ​ပေမယ့်​ တိကျ​ရေရာတဲ့​ အ​ဖြေမရသလို ပထမအကြိမ် ​မေး​ခွန်း​တွေ တင်သွင်း​စဉ်ကလည်း​ အပယ်ခံရ ဖူး​ပါတယ်။

အခုပြုလုပ်တဲ့​ ရခိုင်ပြည် မီး​လင်း​ရေး​လှုပ်ရှား​မှုက​နေ တိုင်း​ရင်း​သား​တွေရဲ့​ တန်း​တူညီမျှ​ရေး​ ​တောင်း​ဆိုချက်​တွေကို ပြည်တွင်း​ပြည်ပက အင်အား​စု​တွေ သ​ဘော​ပေါက်ပြီး​ အစိုး​ရရဲ့​ မူဝါဒ​တွေ အလှည့်​အ​ပြောင်း​ဖြစ်​စေဖို့​ တွန်း​အား​ ဖြစ်​စေလိမ့်​မယ်လို့​ ရခိုင်ပြည်နယ်အ​ရေး​ လှုပ်ရှား​သူ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013