DVB Logo
Home
မြန်မာသတင်း
မတူကွဲပြား​ခြင်း​နဲ့​ငြိမ်း​ချမ်း​ရေး​ပါတီ ​မြေယာကိစ္စ ​ဟော​ပြောခွင့်​ ပိတ်ပင်ခံရ
DVB
·
February 26, 2012
Donate to DVB

မတူကွဲပြား​ခြင်း​နှင့်​ငြိမ်း​ချမ်း​ရေး​ပါတီဟာ လာမယ့်​ ​ဖေ​ဖော်ဝါရီ ၂၉ ရက် မင်္ဂလာဒုံမြို့​နယ်မှာ ကျင်း​ပဖို့​ စီစဉ်ထား​တဲ့​ ​မြေယာနှင့်​ဖွံ့​ဖြိုး​ရေး​ ​ဟော​ပြောပွဲကိုမြို့​နယ် အာဏာပိုင်​တွေရဲ့​ ခွင့်​ပြုချက်မရလို့​ ဖျက်သိမ်း​ ပစ်လိုက်ရတယ်လို့​ ပါတီက ​ပြောပါတယ်။

[caption id="attachment_15084" align="alignleft" width="169" caption="ဦးနေမျိုးဝေ"][/caption]

ဒီ​ဟော​ပြောပွဲကို ​ရွှေနံသာ​ကျေး​ရွာက ဦး​ကျော်စိန်ရဲ့​ လယ်ကွင်း​ထဲမှာ လူအင်အား​ ၂၀၀ ​လောက်နဲ့​ ကျင်း​ပဖို့​ စီစဉ်ထား​ရာက​နေ မြို့​နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်နဲ့​ မြို့​နယ်ရဲတပ်ဖွဲ့​မှူး​ရုံး​တို့​က ခွင့်​မပြုတဲ့​အတွက် ​ဆွေး​နွေး​ပွဲ ဖျက်သိမ်း​လိုက်ရတာလို့​ မတူကွဲပြား​ခြင်း​နဲ့​ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။

“သူတို့​က မ​ပေး​ချင်လို့​ကို ​ခေါင်း​စဉ်လိုက်​ရွှေ့​တာလို့​ ယူဆ​နေရတယ်။ ကျ​နော်ပုံမှန်ပါတီ​ဟော ​ပြောပွဲပုံစံ ကျ​နော်​တောင်း​တာပဲ။ အဲဒါကို အဆင့်​ဆင့်​ ​ရွှေ့​သွား​တာ ရဲဆီ​ရောက်သွား​တဲ့​ အခါကျ​တော့​ ကျ​နော်က ငြိမ်း​ချမ်း​စွာ စု​ဝေး​ ​ဟော​ပြော ဆန္ဒ​ဖော်ထုတ်ခွင့်​ထိ ပါလာတယ်။”

မင်္ဂလာဒုံမြို့​နယ် ရဲတပ်ဖွဲ့​က​တော့​ ငြိမ်း​ချမ်း​စွာ စု​ဝေး​ခွင့်​နဲ့​ ငြိမ်း​ချမ်း​စွာ စီတန်း​လှည့်​လည်ခွင့်​ဆိုင်ရာ နည်း​ဥပ​ဒေ စည်း​ကမ်း​များ​ မထုတ်ပြန်ရ​သေး​လို့​ ခွင့်​မပြုတာလို့​ အ​ကြောင်း​ပြချက် ထုတ်ပြန်ထား​ပါတယ်။

ဆွေး​နွေး​ပွဲမှာ ဦး​နေမျိုး​ဝေနဲ့​ လမ်း​ပြကြယ်အဖွဲ့​က ဦး​အေး​မြင့်​တို့​က ​မြေယာနဲ့​ဒေသဖွံ့​ဖြိုး​ရေး​ ဘယ်လို ချိန်ဆပြီး​ လုပ်ကိုင်သင့်​တယ်ဆိုတဲ့​ ကိစ္စ​တွေနဲ့​ လယ်​မြေသိမ်း​ခံရတဲ့​ လယ်သမား​တွေရဲ့​ အ​ရေး​ကိစ္စ​တွေ ​ဟော​ပြောဖို့​ စီစဉ်ထား​ပြီး​ မီဒီယာ​တွေကိုလည်း​ ဖိတ်ကြား​တယ်လို့​ သိရပါတယ်။

ဟော​ပြောပွဲ ပျက်သွား​ပေမယ့်​ သတင်း​မရဘဲ ​ရောက်လာသူ​တွေကို အစား​အစာ​တွေနဲ့​ ဧည့်​ခံသွား​မယ်လို့​ ​ပြောပါတယ်။

မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဟာ ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​တုန်း​ကလည်း​ စီး​တီး​စတား​ဟိုတယ်မှာ ​မြေယာကိစ္စ ​ဟော​ပြောပွဲ ကျင်း​ပစဉ် က​တော့​ ​ရွေး​ကောက်ပွဲ​ကော်မရှင်က ခွင့်​ပြုခဲ့​ပါတယ်။

ခုချိန်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ လူထု​ဟော​ပြောပွဲ​တွေကို အစိုး​ရက ခွင့်​ပြုထား​ပြီး​ မတူကွဲပြား​ခြင်း​နဲ့​ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ လူထု​ဟော​ပြောပွဲကို ပိတ်ပင်ခံရတဲ့​ အ​ပေါ် ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ခုလို သုံး​သပ်​ပြောပါတယ်။

“အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က အစိုး​ရနဲ့​ ပဋိပက္ခဖြစ်တဲ့​ နိုင်ငံ​ရေး​သတင်း​ Message ​တွေ မ​ပေး​သေး​လို့​၊​ ​ပေး​တာနဲ့​ ဖမ်း​ပိတ်မှာ ခုဟာက ဗိုလ်ရှု့​ခံတဲ့​ အဆင့်​အထိပဲ အန်အယ်လ်ဒီက လုပ်​နေတဲ့​ပုံစံမျိုး​ ရှိတယ်။ အဲဒီထက်​ကျော် လာရင်​တော့​ အစိုး​ရက လက်ခံမယ့်​ပုံစံမျိုး​ မ​ပေါ်ဘူး​။ ခုထက်ထိ အရင်အတိုင်း​ပဲ။ ပုံစံနှစ်မျိုး​ မဟုတ်ဘူး​။ ပုံစံတမျိုး​တည်း​ပဲ အန်အယ်လ်ဒီ လူအုပ်ကြီး​က​နေပြီး​တော့​ တခုခု ဘာလုပ်​ပေး​ပါလို့​တောင်း​ဆိုလာပြီဆိုရင် ပြဿနာရှာဦး​မှာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013