နေပြည်​တော် အန်အယ်လ်ဒီဆိုင်း​ဘုတ် ဖျက်ဆီး​ခံရ

နေပြည်​တော် ဇမ္ဗူသီရိမြို့​နယ်မှာ တင်ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် NLD ပါတီရဲ့​ ဆိုင်း​ဘုတ် အဖျက်ဆီး​ခံခဲ့​ရတယ်လို့​ အယ်အယ်လ်ဒီပါတီက​ ပြောပါတယ်။ ​သောကြာ​နေ့​ ညသန်း​ခေါင်​ကျော်နဲ့​ စ​နေ​နေ့​မနက် အာရုံတက်ချိန်အတွင်း​မှာ ​နေပြည်​တော် ဆိတ်နံတုံး​ ​ကျေး​ရွာမှာ တင်ထား​တဲ့​ ပါတီဆိုင်း​ဘုတ်ကို ဓား​နဲ့​ခွဲခံခဲ့​ရတာ ဖြစ်တယ်လို့​ ဇမ္မူသီရိမြို့​နယ်က​နေ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဝင်ပြိုင်မယ့်​ NLD ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်စန္ဒာမင်း​က ဒီဗွီဘီကို ​ပြောပါတယ်။ “ဆိုင်း​ဘုတ်တင်ပြီး​ ၂ ရက်​လောက်အကြာမှာ ရွာကို သမ္မတကြီး​ ဦး​သိန်း​စိန် လာစရာ ရှိတယ်ဆို​တော့​ ​သောကြာ​နေ့​ ည ၁ နာရီ​လောက်ထိ ကျမတို့​ ဆိုင်း​ဘုတ်​အောက်မှာ ​စောင့်​နေကြ​သေး​တယ်။ သမ္မတကြီး​ လမ်း​ကြောင်း​ ရှိတယ်ဆို​တော့​ အား​လုံး​ဘာမှ ပြဿနာ​တွေဘာ​တွေ မရှိ​အောင် ​စောင့်​နေ​သေး​တယ်။ တနာရီထိုး​တော့​ က​လေး​တွေက အိပ်လိုက်ကြပြီ မနက် ၄ နာရီ ထိုး​တော့​ ထကြည့်​လိုက်​တော့​ ဆိုင်း​ဘုတ်ခွဲခံ ထိထား​တယ်။” NLD ဆိုင်း​ဘုတ်ဟာ အမြင့်​ ၁၂ ​ပေ လူတရပ်​ကျော်မြင့်​ပြီး​ ​သေ​သေချာချာ ရည်ရွယ်ချက်ရှိရှိ ဥပ​ဒေမဲ့​ ဖျက်ဆီး​သွား​တာလို့​လည်း​ အန်အယ်လ်ဒီက ​ပြောပါတယ်။ ဒါ​ပေမယ့်​ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့​ ခုလိုလုပ်​ဆောင်တာလဲ ဆိုတာ​တော့​ မသိရှိ​သေး​တဲ့​အ​ကြောင်း​နဲ့​ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ နယ်​မြေခံရဲကို တိုင်ကြား​ထား​တယ်လို့​ ဆိုပါတယ်။ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ကို တိုင်ကြား​ဖို့​လည်း​ စီစဉ်​နေတယ်လို့​ သိရပါတယ်။ အရင်ကလည်း​ ​နေပြည်​တော်ရပ်​ကျေး​တခုမှာ ဖွင့်​လှစ်ထား​တဲ့​ NLD ပါတီရုံး​က ဆိုင်း​ဘုတ် ဖျက်ဆီး​ခံရတဲ့​ အလား​တူ ဖြစ်ရပ်မျိုး​ ရှိခဲ့​ဖူး​ပါတယ်။

More News
Up