A d v e r t i s e m e n t With Us

ပီရူးတွင် ကမ္ဘာလှည့်ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကား ကြောက်မက်ဖွယ်တိမ်းမှောက်သည့် ရုပ်သံ ထွက်ပေါ်

ပီရူးနိုင်ငံမှာ ဇူလိုင် ၉ ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တင် ၂ ထပ်ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တဲ့ ထိတ်လန့်ဖွယ် အခိုက်အတန့် ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပီရူးနိုင်ငံမြို့တော် လီမာမြို့မှာ ဖြစ်ခဲ့ပြီး သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၇ ဦးထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘတ်စ်ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းအောက်ကို ထိုးကျသွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ချီလီနိုင်ငံသား ၆ ဦးနဲ့ ကနေဒါနိုင်ငံသား ၂ ဦး ပါဝင်တယ်လို့  ပီရူးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရသူတွေကို လီမာမြို့အနီးက ဆေးရုံ ၈ ရုံမှာ ပို့ဆောင်ကုသပေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်လာတဲ့ အဲဒီဘတ်စ်ကားဟာ လီမာမြို့ သမ္မတနန်းတော်ကနေ ၂ ကီလိုမီတာအကွာ ဆန်ခရစ်တိုဘယ် တောင်ကုန်းတလျှောက် မြို့ပြမြင်ကွင်းတွေကို ပြသနိုင်ဖို့ မောင်းနှင်လာခဲ့တာဖြစ်ပြီး မောင်းနှင်နေတုန်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာဖြစ်တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up