DVB Logo
Home
မြန်မာသတင်း
အစိုး​ရအဖွဲ့​အ​နေနဲ့​ ​ငွေတကျပ်ကိုမှ ဥပ​ဒေမဲ့​ မသုံး​စွဲမိ​စေရန် သတိ​ပေး
DVB
·
February 26, 2012
အစိုး​ရအဖွဲ့​အ​နေနဲ့​ ​ငွေတကျပ်ကိုမှ ဥပ​ဒေမဲ့​ မသုံး​စွဲမိ​စေရန် သတိ​ပေး
Donate to DVB

၂၀၁၀ ​ရွေး​ကောက်ပွဲက​နေ ​ပေါ်​ပေါက်လာတဲ့​ လွှတ်​တော်အရပ်ရပ်က ဖွဲ့​စည်း​ပေး​လိုက်တဲ့​ သမ္မတဦး​ဆောင်တဲ့​ အစိုး​အဖွဲ့​အ​နေနဲ့​ ​ငွေတကျပ်ကိုမှ ဥပ​ဒေမဲ အသုံး​မပြုဖို့​ အမျိုး​သား​လွှတ်​တော်ရဲ့​ အစိုး​ရရဲ့​ အာမခံချက်​တွေ၊​ ကတိ​တွေနဲ့​ တာဝန်ခံချက်​တွေ စိစစ်​ရေး​ကော်မတီက သတိပေး​ ​ပြောကြား​လိုက်ပါတယ်။

ဒီ​ကော်မတီရဲ့​ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ၁၄ ရက်​မြောက် ပြည်​ထောင်စု လွှတ်​တော် အစည်း​အ​ဝေး​အတွင်း​ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာ​ရေး​အတွက် ​နောက်ဆုံး​ ပြုပြင်ပြီး​ ဘဏ္ဍာ​ငွေခွဲသုံး​ဆွဲ​ရေး​ဆိုင်ရာ ဥပ​ဒေကြမ်း​ကို မဲခွဲဆုံး​ဖြတ် အပြီး​ အစိုး​ရအဖွဲ့​ကို သတိ​ပေး​ ​ပြောကြား​လိုက်တာပါ။

လွှတ်​တော်က ဥပ​ဒေပြု မပြဌာန်း​ခင် အစိုး​ရအဖွဲ့​က ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ​ကျော်လွန်ပြီး​ တိုင်း​ပြည်ဘဏ္ဍာ​ငွေကို အသုံး​မပြုဖို့​ သတိ​ပေး​ ​ပြောကြား​လိုက်တာလည်း​ ဖြစ်ပါတယ်။

“ဥပ​ဒေ မပြဌာန်း​ရဘဲနဲ့​ ဥပ​ဒေမဲ့​ ဘတ်ဂျတ်ကို တကျပ်သုံး​စွဲလျှင် ဥပ​ဒေနဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ဆန့်​ကျင်ပြီး​ကာမှ သုံး​မိတဲ့​ ​ငွေစာရင်း​ ဖြစ်သွား​ပါလိမ့်​မယ်။ ဒါက ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေက ​ပေး​ထား​တဲ့​ ကဏ္ဍ။ အဲဒီ​တော့​ ပြည်​ထောင်စုအစိုး​ရ ဝန်ကြီး​အဖွဲ့​ဝင်ပဲ ဖြစ်ဖြစ်၊​ နိုင်ငံ​တော်သမ္မတကြီး​ပဲ ဖြစ်ဖြစ် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ​စောင့်​ထိန်း​ရို​သေလိုက်နာပါမယ်ဆိုပြီး​ ကျန်း​ကျိမ်ထား​တာ ရှိပါတယ်။ အဲဒါ​ကြောင့်​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ ၂၂၀ နဲ့​ စီမံကိန်း​တွေကို တင်ပါ။ စိစစ်ပါလို့​ ကျ​နော်တို့​ကို တာဝန်​ပေး​ထား​တယ်။ အဲဒီလိုပဲ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကပဲ ကျ​နော်တို့​ကို အပ်နှင်း​ထား​တဲ့​ တာဝန်အရ ကျ​နော်တို့​ လွှတ်​တော်က အတည်မပြုရင်၊​ အဆိုပြုတဲ့​ ဥပ​ဒေတခုက ဥပ​ဒေ မပြဌာန်း​ပြီး​ခင်မှာ ​ငွေတကျပ်ကိုမှ မသုံး​စွဲမိဖို့​ အင်မတန်မှ အ​ရေး​ကြီး​ပါတယ်။”

လက်ရှိ အ​ခြေအ​နေမှာ​တော့​ သမ္မတရုံး​ဝန်ကြီး​ဌာန အပါအဝင် ပြည်​ထောင်စုအဆင့်​ ဝန်ကြီး​ဌာန​တွေဟာ အရင် စစ်အုပ်ချုပ်​ရေး​တုန်း​ကလိုပဲ အသုံး​စရိတ် ဘတ်ဂျက်​တွေကို ကြိုတင် အသုံး​ပြုတာ​တွေရှိ​နေပြီး​ ဒါ​တွေ ​ပြောင်း​လဲဖို့​ လိုတယ်လို့​လည်း​ ​ဒေါက်တာ​အေး​မောင်က ​ထောက်ပြ​ဝေဖန်ထား​ပါတယ်။

“အခု ကျ​နော်တို့​ကြည့်​ရတာက ကြိုတင် သုံး​နှင့်​ပြီး​သား​တွေ ဆို​တော့​ ဟိုတုန်း​ကပုံစံ​လေး​တွေ မ​ပျောက်​သေး​ဘူး​ ဖြစ်​နေတယ်။ ကြိုတင်မသုံး​မိဖို့​ လိုတယ်။ အဲဒီလို ကြိုတင်မသုံး​မိဖို့​အတွက် အချိန်မီ ဥပ​ဒေကြမ်း​ကို တင်ပြီး​ကာမှ ဥပ​ဒေပြဌာန်း​ပြီး​မှ သုံး​စွဲရ​အောင် အလုပ်လုပ်ဖို့​တော့​ လိုတာ​ပေါ့​ အစိုး​ရအဖွဲ့​မှာ ဘတ်ဂျက်ကို ကြိုတင်ပြီး​သား​ ဖြစ်​နေပါပြီ။ အတည်ပြု​ပေး​ပါဆိုရင် ကျ​နော်တို့​ လွှတ်​တော်က အစိုး​ရအဖွဲ့​ရဲ့​ ​နောက်လိုက်ပဲ ဖြစ်သွား​မှာ​ပေါ့​။ အဲ​တော့​ အစိုး​ရအဖွဲ့​က အစိုး​ရအဖွဲ့​လို သွား​ရမယ်။ လွှတ်​တော်က လွှတ်​တော်ရဲ့​ လမ်း​ကို မား​မား​မတ်မတ် ရပ်တည်ရမယ်။ ဒီလိုမျိုး​ ဖြစ်မှ ကျ​နော်တို့​နိုင်ငံက လူထုက ယုံကြည်တဲ့​ ပန်း​တိုင်ကို ရ​အောင်သွား​နိုင်မှာကိုး​။ check in balance ဆိုတာလည်း​ အဲဒီကျမှ ပီပြင်လာမှာ​ပေါ့​။”

ဒီလိုသာ သမ္မတ အပါအဝင် အစိုး​ရအဖွဲ့​ဝင် ပြည်​ထောင်စုဝန်ကြီး​တွေနဲ့​ လွှတ်​တော်အကြား​ အား​ပြိုင်မှု​တွေ ရှိလာခဲ့​ရင်လည်း​ ​နောက်ဆုံး​ ဖွဲ့​စည်း​ပုံ အ​ခြေခံ ဥပ​ဒေဆိုင်ရာ ခုံရုံး​မှာ ​တွေ့​ကြရမှာလည်း​ ဖြစ်ပါတယ်။

ဒေါက်တာ​အေး​မောင်က “​နောက်ဆုံး​ မ​ပြေလည်မှု များ​လာရင် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေခုံရုံး​ကို ​ရောက်သွား​မှာ​ပေါ့​။ ခုနလို ဘတ်ဂျတ်ကို ကြိုတင် သုံး​စွဲခွင့်​ရှိလား​။ သုံး​စွဲပြီး​ပြီဆိုရင် ဒါနဲ့​ ပတ်သက်တဲ့​ ခုံရုံး​ကို ​မေး​ရ​တော့​မယ်။ သုံး​တဲ့​ကိစ္စဟာ ဖွဲ့​စည်း​ပုံ အ​ခြေခံ ဥပ​ဒေနဲ့​ အညီ သုံးစွဲတာ ဟုတ်မဟုတ် ခုံရုံး​ကို ​မေး​ရင် ပြည်​ထောင်စုအဆင့်​က ပုဂ္ဂိုလ်​တွေကို သုံး​တာ ဟုတ်မဟုတ် ဆိုပြီး​ အစိုး​ရအဖွဲ့​နဲ့​ လွှတ်​တော်က ခုံရုံး​မှာ ပြန်ပြီး​ ရင်ဆိုင်ကြဦး​မှာ​ပေါ့​ဗျာ။ ကျနော်တို့​နဲ့​ အစိုး​ရအဖွဲ့​နဲ့​က အား​ပြိုင်တယ်ဆိုတာ မဟုတ်ပါဘူး​။ ကျနော်တို့က ပြည်သူတွေကိုယ်စား​ ဥပ​ဒေ​ကြောင်း​အရ သွား​တဲ့​ အစိုး​ရအဖွဲ့​တခု ဖြစ်​အောင် ဖန်တီး​နေကြတာပါ။ ​ငွေ​ကြေး​သုံး​စွဲတာက အစ​ပေါ့​ဗျာ။”လို့​ ရှင်း​ပြပါတယ်။

လက်ရှိကျင်း​ပ​နေတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​အတွင်း​ မကြာခင်မှာ ကုန်ဆုံး​တော့​မယ့်​ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ​ရေး​နှစ်အတွက် ​နောက်ဆုံး​ပြုပြင်ပြီး​ ဘဏ္ဍာ​ငွေရသုံး​မှန်း​ချေ​ငွေစာရင်း​ ဥပ​ဒေ​တွေကို ​ဆွေး​နွေး​ အတည်ပြုပြီး​ လွှတ်​တော်ဥပ​ဒေပြဌာန်း​နိုင်ဖို့​ ​ဆွေး​နွေး​မှု​တွေ ပြုလုပ်​နေတာပါ။

လာမယ့်​ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ရသုံး​မှန်း​ချေ ​ငွေစာရင်း​ ဥပ​ဒေ​တွေကို စတင် မ​ဆွေး​နွေး​ရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013