Home
မြန်မာသတင်း
သာစည်တွင် ပုဒ်မ ၆၆-ဃ ဖြင့်လူတဦးကို ဖမ်းဆီးရာက စိတ်ကြွဆေးပြားတွေ့ရှိ အမှုထပ်ဖွင့်
DVB
·
July 11, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အမျိုးသားတဦးကို ဖမ်းဆီးရာက  စိတ်ကြွဆေးပြားတချို့တွေ့ရလို့  ရဲက မူးယစ်ဆေးဝါးမှုနဲ့ အမှုထပ်ဖွင့်အရေးယူထား ပါတယ်။ သာစည်မြို့ အမှတ် ၆ တိုးချဲ့ရပ်ကွက် ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီမှာ သံယောဇဉ် Facebook Account နဲ့ ညစ်ညမ်းဓာတ်ပုံတွေ တင်ထားတာကို ဦးဝေဖြိုးမြတ်က ဖျက်ပေးဖို့ ပြောပေမယ့် မဖျက်ပေးတဲ့အတွက် ဆက်သွယ်ရေး ပုဒ်မ ၆၆-ဃ နဲ့ အကောင့်ပိုင်ရှင် ထင်အောင်ဝင်းကို အမှုဖွင့်ထားတဲ့အတွက် ရဲက ရှာဖွေဖမ်းဆီးစဉ် စိတ်ကြွဆေးပြားတွေ့တာလို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ် ဝေဖြိုးအောင်က "၆၆(ဃ)အမှုနဲ့ သပြေဝစားသောက်ဆိုင်တန်းက သံယောဇဉ် အကောင့်ပိုင်ရှင် ထင်အောင်ဝင်း(ခ)အောင်အောင်(ခ)မိုဟာမက်အလီ ကို စောင့်ဆိုင်း ဖမ်းဆီး ရှာဖွေရာ ဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းမှ စိတ်ကြွဆေးပြား ၃ ပြားကို တွေ့ရှိလို့ မူးယစ်ဆေးဝါးအမှုတခု ထပ်ဖွင့်တယ်"လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းမှာ အမှုအမှတ် (ပ) ၁၅၄/၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထင်အောင်ဝင်းကို အမှုဖွင့်ပြီး မိတ္ထီလာအမှတ် ၃ ရဲစခန်းမှာ မူးယစ်ဆေးဝါး ဥပဒေ သုံးစွဲ/လက်ဝယ်ထား ပုဒ်မ ၁၅/၁၆(ဂ) မယ(ပ)၆/၂၀၁၇ နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024