ယာဉ်မောင်းများအတွက် အန္တရာယ်ကာကွယ်ရေး အနံ့ထုတ်လွှ…
Satnav ကို ကြားဖူးမှာပါ။ တရက်တော့ သင့်ကားမှာ Smellnav ကို တပ်ဆင်နိုင်ပါလိမ့်မယ်။ Sussex တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ဒီကားမောင်းခွင်တုစက်မှာ အနံ့ထုတ်လွှတ်မှုစနစ်တခုကို တပ်ဆင်ခဲ့ပါတယ်။ ဒီခွင်တုစက်ရဲ့ ပရိုဂရမ်က ယဉ်မတော်တဆမှုတခု ဖြစ်နိုင်ချေရှိကြောင်း ရိပ်စားမိတဲ့အခါတိုင်း ရနံ့ထုတ်လွှတ်ပေးမှာပါ။
“သင်သွားလိုရာကို ရောက်ခါနီးတဲ့အခါ ဒါမှမဟုတ် ကားမှာ ဆီနည်းနေပြီဆိုတာမျိုးအပြင် အင်ဂျင်နဲ့ပတ်သက်တဲ့ အရေးတကြီး အချက်အလက်တွေကို သတိပေးချင်တဲ့ အခါမျိုးတွေနဲ့ အရှိန်လျှော့ဖို့ သတိပေးလိုတဲ့ အခါတွေမှာ အနံ့ထုတ်ပေးမှာပါ။”
“အာရုံကို နိုးကြားလန်းဆန်းပြီး စိတ်ကိုကြည်လင်စေတဲ့ ရနံ့မျိုးကို အသုံးပြုထားပါတယ်။ ဥပမာ လီမွန်နဲ့ ပရုပ်ရနံ့မျိုးတွေက အာရုံကို လန်းဆန်းစေပြီး လာဗင်ဒါ၊ သစ်ခွနဲ့ နှင်းဆီရနံ့တွေကတော့ စိတ်ကို ကြည်လင်စေတာမို့ အဲဒီရနံ့တွေကို အသုံးပြုပါတယ်။ နောက်ပြီး ကားမောင်းစဉ်မှာ ရနံ့အလိုက် သတင်းပို့မှုအမျိုးမျိုးကို အသေးစိတ် ခွဲခြားသိနိုင်ဖို့ကိုလည်း ကြိုးစားနေပါတယ်။”
သတိပေးမှု အသီးသီးအတွက် အကောင်းဆုံးဖြစ်မယ့် အသင့်တော်ဆုံး ရနံ့တွေကို ရွေးချယ်ဖို့ရာ စေတနာအလျောက် ဖြေကြားမယ့်သူတွေကို မေးမြန်းခဲ့ပါတယ်။
“အသုံးပြုသူတွေအနေနဲ့ အာရုံနိုးကြားစေတဲ့ ရနံ့ကို အရေးကြီး အချက်ပြမှုအတွက် အသုံးပြုစေချင်ပြီး ပိုပြီးအရေးကြီးလေ ပိုပြီးစူးရှ နိုးကြားစေတဲ့ အနံ့မျိုးကို အသုံးပြုသင့်တယ်လို့ ယူဆတာကို ကျနော်တို့ သတိပြုမိပါတယ်။”
ယာဉ်မောင်းနဲ့ ရေမွှေးပန့်ကြား သင့်လျော်တဲ့ အကွာအဝေးတခုနဲ့ ရှိသင့်တဲ့ ရေမွေးရဲ့ ပမာဏကို အဖွဲ့က ချိန်ဆနေပါတယ်။ Owidget လို့ခေါ်တဲ့ စိတ်ကူးတခုမှာ ဂိမ်းကစားရာနဲ့ စာပို့ခြင်းလို ကိစ္စမျိုးတွေမှာ အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပထမအဆင့်အနေနဲ့ လမ်းပေါ်က တကယ့်ကားမှာ တပ်ဆင်စမ်းသပ်ပြီး ငြီးငွေ့စရာ ခရီးရှည်တွေမှာ ယာဉ်မောင်းသူတွေကို သူတို့ရဲ့နှာခေါင်းကနေတဆင့် အကူအညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။