DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီနှင့်​ အစိုး​ရ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူ
DVB
·
February 25, 2012
မွန်ပြည်သစ်ပါတီနှင့်​ အစိုး​ရ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူ
Donate to DVB

တိုင်း​ရင်း​သား​ လက်နက်ကိုင် မွန်ပြည်သစ်ပါတီနဲ့​ အစိုး​ရအကြား​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူ လက်မှတ်​ရေး​ထိုး​လိုက်ပါပြီ။

မွန်ပြည်သစ်ပါတီနဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ အဖွဲ့​တွေ မွန်ပြည်နယ် ​မော်လမြိုင်က ကမ်း​နား​ဟိုတယ်မှာ ဒီ​နေ့​မနက်က ​တွေ့​ဆုံခဲ့​အပြီး​မှာ အပစ်အခတ်ရပ်စဲ​ရေး​ အပါအဝင် ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီချက်​တွေ လက်မှတ်ထိုး​နိုင်ခဲ့​တာပါ။

မြန်မာအစိုး​ရဘက်က ဦး​အောင်မင်း​ခေါင်း​ဆောင်တဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မွန်ပြည်သစ်ပါတီက နိုင်​ရောစ​ခေါင်း​ဆောင်တဲ့​ ကိုယ်စား​လှယ်​တွေ ​ဆွေး​နွေး​ လက်မှတ်​ရေး​ထိုး​ရာမှာ ပြည်​ထောင်စုအဆင့်​ သ​ဘောတူညီချက် ၄ ချက်နဲ့​ ပြည်နယ်အဆင့်​ သ​ဘောတူညီချက် ၅ ချက် နှစ်ဆင့်​ခွဲပြီး​ သ​ဘောတူ လက်မှတ်​ရေး​ထိုး​ခဲ့​တယ်လို့​သိရပါတယ်။

ပြည်​ထောင်စုအဆင့်​ သ​ဘောတူညီချက်​တွေမှာ တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲဖို့​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​နယ်​မြေ​တွေမှာ ဖြစ်ပွား​နေတဲ့​ လက်နက်ကိုင် ပဋိပက္ခ အမြန်ဆုံး​ရပ်စဲဖို့​၊​ အပစ်အခတ်ရပ်စဲချိန်ကစပြီး​ အများ​ဆုံး​ ၄၅ ရက် အတွင်း​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲစတင်ဖို့​ စတဲ့​ အဓိက သ​ဘောတူညီချက် ၄ ချက် ရယူနိုင်ခဲ့​ပါတယ်။

သ​ဘောတူညီချက်​တွေထဲမှာ နှစ်ဖက် အပစ်အခတ် ရပ်စဲပြီး​တဲ့​နောက်မှာ ​ဒေသတည်ငြိမ်​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ပူး​ပေါင်း​ဆောင်ရွက်သွား​ဖို့​၊​ အပစ်အခတ် ရပ်စဲထား​စဉ်အတွင်း​ မွန်ပြည်နယ်နှင့်​ ဆက်စပ်နယ်​မြေများ​တွင် စစ်အင်အား​ ထပ်မံတိုး​ချဲ့​တာ​တွေ မလုပ်​ဆောင်ဖို့​၊​ အကျဉ်း​ထောင်တွင် ကျန်ရှိ​နေသည့်​ နိုင်ငံ​ရေး​သမား​များ​ အား​လုံး​နဲ့​ မွန်ပြည်သစ်ပါတီ ရဲ​ဘော်များ​ကို လွှတ်​ပေး​ဖို့​နဲ့​ အဓမ္မလုပ်အား​ပေး​ ခိုင်း​စေမှု​တွေကို ​ရှောင်ကြဉ်ဖို့​တွေလည်း​ သ​ဘောတူညီချက်မှာ ပါရှိပါတယ်။

ပြည်နယ်အဆင့်​ ပဏာမ သ​ဘောတူညီချက်​တွေထဲမှာ​တော့​ နှစ်ဦး​နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်း​ရန်၊​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​ အဖွဲ့​နှင့်​ ​ဆွေး​နွေး​ရန်အတွက် ကိုယ်စား​လှယ်အဖွဲ့​ တရား​ဝင် ဖွဲ့​စည်း​ပေး​ရန်၊​ ဆက်ဆံ​ရေး​စခန်း​ကို နှစ်ဖက်သ​ဘောတူသည့်​ သင့်​တော်ရာ ​နေရာ၌ ထား​ရှိရန်၊​ နှစ်ဖက် သ​ဘောတူညီထား​သော နယ်​မြေများ​မှအပ နယ်​မြေ​ကျော်လွန် လက်နက်ကိုင်​ဆောင် သွား​လာမှုများ​ကို နှစ်ဖက် ကြိုတင် ညှိနှိုင်း​ရန်နဲ့​ နှစ်ဖက် သ​ဘောတူညီမှု ညှိနှိုင်း​ရရှိထား​သည့်​ သတ်မှတ်​နေရာများ​တွင် ​နေထိုင်ရန် ကိစ္စ​တွေ ပါဝင်ပါတယ်။

နှစ်ဖက် ​ဆွေး​နွေး​ပွဲအပြီး​ သတင်း​စာရှင်း​လင်း​ပွဲလည်း​ ပြုလုပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013