ပီရူးတွင် ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်၊ အနည်းဆုံး ၈ ဦးသေဆုံး

450
ပီရူးနိုင်ငံမြို့တော် လီမာအနီးမှာ ဇူလိုင် ၉ ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၈ ဦး သေဆုံးသွားပါတယ်။
အဲဒီနှစ်ထပ်ဘတ်စ်ကားဟာ ခရီးသွားတွေ သွားလေ့ရှိတဲ့ ပီရူးနိုင်ငံရဲ့ နာမည်ကြီး ဆန်ခရစ်တိုဘယ်လ်ကအပြန် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးဒဏ်ရာရသူအများစုဟာ ကလေးတွေဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ချီလီနိုင်ငံသားတဦးနဲ့ ကနေဒါနိုင်ငံသားတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတချို့ ပြောပေမယ့် ဘတ်စ်ကားပေါ်မှာ နိုင်ငံခြားသား ပါ၊ မပါကို အစိုးရက အတည်ပြုပြောကြားတာမျိုး မရှိသေးပါဘူး။
ပီရူးနိုင်ငံမှာ မတ်စောက်တဲ့ လျှိုမြောင်တွေ အများကြီးရှိတာကြောင့် ဘတ်စ်ကားမတော်တဆမှု မကြာခဏ ဖြစ်လေ့ရှိပါတယ်။