DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံ​ရေကာတာစီမံကိန်း​အနီး​တွင် ရွာသား​များ​ ပြန်လည်အ​ခြေချ
DVB
·
February 24, 2012
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​ ​မြောက်ဘက် မြစ်ဆုံ​ဒေသမှာ ​ရေကာတာ စီမံကိန်း​ကြောင့်​ ​ပြောင်း​ရွှေ့​ခဲ့​ရတဲ့​ ရွာသား​ရာ​ပေါင်း​များ​စွာက သူတို့​ရဲ့​ မူလရွာမှာ ပြန်လည်အ​ခြေချ​နေကြပြီလို့​ သိရပါတယ်။

လော​လောဆယ် ရပ်ဆိုင်း​ထား​တဲ့​ မြစ်ဆုံစီမံကိန်း​ရဲ့​ ​တောင်ဘက် ၁ မိုင်အကွာမှာရှိတဲ့​ ​တောင်ထွက်ရွာက မိသား​စု​တွေဟာ၊​ ၂၀၁၀ နှစ်ကုန်ပိုင်း​က ၇ မိုင်အကွာကို အဓမ္မ အ​ပြောင်း​ခံခဲ့​ရပြီး​တဲ့​နောက် အခု​တော့​ နဂို​နေရာကို ပြန်လာတာကြတာပါ။

ဒေသခံ ကချင်အမျိုး​သား​တဦး​က “အား​လုံး​က အရင်တုန်း​က ​နေခဲ့​တဲ့​ ​နေရာလည်း​ ဖြစ်တယ်​လေ။ ဌာ​နေဆို​တော့​ လုပ်ကိုင်ထား​တာ​တွေ ဘာ​တွေလည်း​ ရှိတယ်​လေ။ အ​ခြေကျ​နေတဲ့​ ​နေရာဆို​တော့​ အား​လုံး​က အဲ့​ဒီကို ပြန်​နေဖို့​အတွက်​ပေါ့​။ ​ရွှေ့​သွား​ပြီး​ ပြန်လာ​နေတယ်။ ရွာပြန်တည်တယ်။ တခြား​နေချင်တဲ့​လူ​တွေကိုလည်း​ ​ခေါ်ပြီး​မှ ရွာပြန်တည်ဖို့​လုပ်တယ်။”

ဒီ​နေ့​ ​နေ့​လယ်ပိုင်း​မှာ မိသား​စု ၁,၀၀၀ က မူလရွာကို ပြန်လာပြီး​ ရွာပြန်တည်တဲ့​ အထိမ်း​အမှတ် ဆု​တောင်း​ပွဲကို ပြုလုပ်ခဲ့​ကြပါတယ်။

ဆု​တောင်း​ပွဲအခမ်း​အနား​ကို ကချင်​ခေါင်း​ဆောင်​တွေ၊​ ကိုမင်း​ကိုနိုင်နဲ့​ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေလည်း​ တက်​ရောက်ခဲ့​ကြပါတယ်၊

အခု နဂိုရွာကို ပြန်​ပြောင်း​လာတဲ့​ ရွာသား​တွေဟာ မ​ပြောင်း​ခင်အထိ စီပီအိုင် နဲ့​ ​အေရှား​ဝေါလ် ကုမ္ပဏီတို့​က စီစဉ်​ပေး​ထား​တဲ့​ ​အောင်မြင်သာ စံပြရွာမှာ ​နေထိုင်​နေတာပါ။

သူတို့​ကို နဂိုရွာ​တွေက​နေ ​ပြောင်း​ခိုင်း​ပြီး​ ​အောင်မြင်သာမှာ ​နေရာချတဲ့​ အခမ်း​အနား​ကို ၂၀၁၀ နှစ်ကုန်ပိုင်း​က လုပ်ခဲ့​ပြီး​ အဲဒီအချိန်က ​မြောက်ပိုင်း​တိုင်း​ တိုင်း​မှူး​လည်း​ တက်​ရောက်ခဲ့​ပါတယ်။

ဧရာဝတီမြစ်ညာမှာ တည်​ဆောက်မယ့်​ ဆည် ၇ ခုထဲက အကြီး​ဆုံး​ မြစ်ဆုံစီမံကိန်း​ကို ကန့်​ကွက်မှု​တွေ ပြင်း​ထန်ခဲ့​ပြီး​နောက် သမ္မတ ဦး​သိန်း​စိန်က သူ့​အစိုး​ရလက်ထက်မှာ ရပ်ဆိုင်း​ထား​ဖို့​ မနှစ်ကစက်တင်ဘာမှာ အမိန့်​ထုတ်ပြန် ထား​ပါတယ်။

ဒီလိုရပ်ဆိုင်း​ထား​တာနဲ့​ ပတ်သက်လို့​ စီမံကိန်း​ကို တာဝန်ယူထား​တဲ့​ စီပီအိုင်က ဥပ​ဒေ​ကြောင်း​အရ ဆက်လုပ်သွား​မယ်လို့​ ဆိုပြီး​၊​ ပြီး​ပြတ်တဲ့​ပုံ မရ​သေး​ပါဘူး​။

တရုတ်နိုင်ငံကို ဓာတ်အား​တွေ တင်ပို့​ရောင်း​ချမယ့်​ ​ရေအား​လျှပ်စစ်စီမံကိန်း​ စတင်တဲ့​ အချိန်တုန်း​က အနီး​အနား​က ကချင်ရွာ​တွေ ​ပြောင်း​ရွေ့​ခဲ့​ရပြီး​၊​ လူ​ပေါင်း​ ၁၅,၀၀၀ ခန့်​ ​ပြောင်း​ရွှေ့​ရနိုင်တယ်လို့​ အ​စောပိုင်း​သတင်း​တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013