A d v e r t i s e m e n t With Us

လုံခြုံရေးတပ်​ဖွဲ့ဝင်​များကို တိုက်ခိုက်သည့် အကြမ်းဖက်သမား ၂ ဦး အသေဖမ်းမိ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ လက်နက်ကိုင်အကြမ်းဖက်သမား ၂ ဦးကို အသေ၊ ၁ ဦးကို အရှင် ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး နှောင့်ယှက်ဟန့်တားသူ ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၉ ရက်မနက်က ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စု အနီးတဝိုက် ကင်းလှည့်ဆောင်ရွက်ရာမှာ တင်းမေကျေးရွာ ရောက်ရှိစဉ် ဖွေယော့အစ္စ္စလာမ်ရဲ့ နေအိမ်အတွင်းမှ လက်နက်ငယ်နဲ့ အတွဲလိုက် အချက် ၂၀ ခန့်ပစ်ခတ်ခဲ့လို့  ပြန်လည်ပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းရှိ အကြမ်းဖက်သမားတွေက မိုင်း ၁ လုံးဖောက်ခွဲပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ်အတွင်းမှ ပြေးထွက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်သမား ၃ ကို ဖမ်းဆီးပစ်ခတ်ခဲ့ရာမှာ လက်နက်ကိုင် အကြမ်းဖက်သမားအလောင်း ၂ လောင်း၊ အရှင်မိ အကြမ်းဖက်သမား ဖွေယော့အစ္စ္စလာမ်တို့ကို ဖမ်းဆီးရမိခဲ့တဲ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နှောင့်ယှက်ဟန့်တားသူ ဇာဘဲရ် ၇၀နှစ် (ဘ) ဆော်လီအာမက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနေအိမ်မှာ မီးလောင်ကျွမ်းထားတဲ့ ဘီအေ ၉၄ ၁ လက်၊ ကျည်အိမ် ၂ ခု၊ ဘီအေ ၉၄ ကျည်ခွံ ၆ တောင့်၊ လုပ်သေနတ် ၁ လက်၊ ရီမုမိုင်း ၁ လုံး၊ လက်လုပ်မိုင်း ကိရိယာတွေနဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေနဲ့ ဆက်သွယ်ရေးပစ္စည်းစတာတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ပြန်လည်သိမ်းဆည်းရမိခဲ့တဲ့ ဘီအေ ၉၄ သေနတ် ၁ လက်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ကျီးကန်ပြင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါသွားတဲ့ လက်နက်ဖြစ်တယ်လို့လည်း  အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - State Counsellor Office Information Committee

A d v e r t i s e m e n t With Us

More News
Up