DVB Logo
Home
မြန်မာသတင်း
ကျွန်ဇာတ်ကားကို နာမည်ပြောင်း ပြင်ဆင်ဖြတ်တောက်မည်ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌပြော
DVB
·
July 9, 2017
ကျွန်ဇာတ်ကားကို နာမည်ပြောင်း ပြင်ဆင်ဖြတ်တောက်မည်ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌပြော
Donate to DVB

 

ပုဂံဒေသခံတွေ ဝေဖန်ကန့်ကွက်နေတဲ့ ကျွန်ဇာတ်ကားကို နာမည်ပြောင်းပြီး ပြကွက်နဲ့ အသုံးအနှုန်းတွေကို ပြင်ဆင်ဖြတ်တောက်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။

“ဒေသခံတွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ခံစားချက်ကို ထိခိုက်စေတဲ့ ပြကွင်း ပြကွက်တွေကို တည်းဖြတ် ပြင်ဆင် ဖြတ်တောက်ပြီးတော့ ကျွန် ရုပ်ရှင်ဇာတ်ကားရဲ့အမည်ကိုလည်း ‘အမှောင်မှာ ရွာချတဲ့ မိုးတိမ်’ လို့ ပြောင်းလဲပေးလိုက်ပါတယ်ခင်ဗျ” ဦးလူမင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ပုဂံဒေသခံတာဝန်ရှိသူတွေနဲ့ ရုပ်ရှင်အစည်းအရုံး၊ ဇာတ်ကား တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

ဒီပွဲကို ရုပ်ရှင်အစည်းအရုံးက နာယက၊ ဥက္ကဋ္ဌနဲ့ ရှေ့နေတွေ၊ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်နဲ့ ထုတ်လုပ်သူ၊ ရိုက်ကွင်း မန်နေဂျာတို့ တက်ရောက်ခဲ့ပါတယ်။

“ကျနော်တို့က သရုပ်ဆောင်တွေအပေါ် ဘယ်လိုမှ သဘောမထားဘူး။ ခုလို ပြင်ဆင်ပေးမယ်ဆိုတဲ့ အပေါ်မှာလည်း အားလုံးက လက်ခံပါတယ်” လို့ ပုဂံယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေးနဲ့ အထောက်အကူပြု ကော်မတီက ဦးသံခဲက ဒီဗွီဘီကို ပြောပါတယ်။

ညှိနှိုင်းပွဲကို ဒေသခံတွေဘက်က ညောင်ဦးမြို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ ခရိုင် ဒုအုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့မိမြို့ဖနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

ဇာတ်ကားထဲမှာပါတဲ့ ဘုရားကျွန်နေထိုင်တယ်ဆိုတဲ့ မင်္ဂလာသာစည်ရပ်ကွက် ဒေသခံတွေကိုလည်း ဖိတ်ကြားခဲ့ပေမယ့် မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။

ပုဂံရဲ့ ခမ်းနားတင့်တယ် အားမာန်ကြီးမှု သရုပ်တွေကို ခုတုံးလုပ်ပြီး အခုအခါ လုံးဝမရှိတော့တဲ့ `ဘုရားကျွန်´ ဆိုတဲ့ မူလအဓိပ္ပာယ်ကို ဂုဏ်သရေဖျက်၊ ကြီးကျယ်မြင့်မြတ်လှတဲ့ ထီးဖြူဆောင်း ဂုဏ်ရှိန်ကြီး ဘုရားကျွန်ကို သူတောင်းစား အနူအရွဲ လူလိမ်အမျိုးယုတ်ကဲ့သို့ အဓိပ္ပာယ်ဖွင့် ရိုက်ကူးပြီး ဒီဘက်ခေတ် ဒီဘက်အခါအထိ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ချိုးဖောက် ဇာတ်လမ်း ရုပ်ရှင်အတွက် ပုဂံဒေသနဲ့ ဒေသခံလူထုကို စော်ကားတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ဒေသခံလူထုတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013