DVB Logo
Home
မြန်မာသတင်း
ပဒိုမန်း​ငြိမ်း​မောင်အမှု သက်​သေ ၆ ဦး​ ပယ်ချခံရ
DVB
·
February 24, 2012
ပဒိုမန်း​ငြိမ်း​မောင်အမှု သက်​သေ ၆ ဦး​ ပယ်ချခံရ
Donate to DVB

အင်း​စိန်​ထောင်မှာ ရုံး​ထုတ်တဲ့​ ​ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်အမှုမှာ စွပ်စွဲခံရသူဘက်က သက်​သေ ၈ ဦး​ တင်တဲ့​အနက် ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်မင်း​ အပါအဝင် ၆ ဦး​ကို မ​နေ့​က ရုံး​ချိန်း​မှာ ပယ်လိုက်ပါတယ်။

[caption id="attachment_14974" align="alignright" width="300" caption="ပဒိုမန်းငြိမ်းမောင်"][/caption]

မ​နေ့​ကရုံး​ကို သွား​တဲ့​ ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ခုလို ​ပြောပါတယ်။

“တရား​ခံပြသက်​သေ ၈ ​ယောက် တင်တယ်​ပေါ့​ဗျာ။ အဲဒါကို ၆ ​ယောက် ပယ်လိုက်တယ်​ပေါ့​။ ပယ်လိုက်တယ် ဆိုတာက​တော့​ အမှုထပ်ကြာမှာ စိုး​လို့​ ဆိုပြီး​တော့​ ပယ်လိုက်တယ်​ပေါ့​နော်။ ကျ​နော်တို့​ဘက်က အင်း​စိန် ​ထောင်ပိုင်ကြီး​ ၂ ​ယောက်​ပေါ့​ဗျာ။ ယခင်နဲ့​ ယခု ​ထောင်ပိုင်ကြီး​ ၂ ​ယောက်ကို စစ်မယ်။ အဲဒါကို မတ်လ ၁ ရက် ကြာသပ​တေး​နေ့​မှာ စစ်မယ်၊​ အဲဒါ မ​နေ့​တုန်း​က ထူး​ခြား​ချက်ပါပဲ။”

ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို ​လေ​ကြောင်း​ခရီး​နဲ့​ အသွား​မှာ ထိုင်း​နိုင်ငံတွင်း​ ပြည်ဝင်ခွင့်​ ဗီဇာမရလို့​ တရုတ်နိုင်ငံမှာ ​သောင်တင်​နေရာက မြန်မာအာဏာပိုင်​တွေထံ လွှဲ​ပြောင်း​ပေး​ခံရပြီး​ ရုံး​တင်ခံ​နေရတာပါ။

သူ့​ကို ဖမ်း​မိပြီး​နောက် ​ကေအန်ယူ ​ခေါင်း​ဆောင်မှန်း​သိတဲ့​အခါ စစ်​ကြော​ရေး​မှာ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​က ​ကေအန်ယူနဲ့​ အစိုး​ရအကြား​ ငြိမ်း​ချမ်း​ရေး​ ရရှိ​အောင် သူ့​ထံက အကူအညီ ​တောင်း​ခဲ့​ပြီး​ တရား​မစွဲပါဘူး​လို့​ ကတိ​ပေး​ခဲ့​တယ်လို့​ ဆိုပါတယ်။

ဒါနဲ့​ပတ်သက်လို့​ ဦး​ကြီး​မြင့်​က “အင်း​စိန်​ထောင်ထဲ ​ရောက်တဲ့​အခါမှာ ​နေပြည်​တော်က အရာရှိ၊​ ​နောက် စစ်​ကြော​ရေး​ ကာလမှာလည်း​ ​ထောက်လှမ်း​ရေး​က အရာရှိကြီး​တွေက အကူအညီ ​တောင်း​တယ်​ပေါ့​ဗျာ။ ဖထီး​ဒီအချိန်မှာ အဖမ်း​ခံရတာ ဖထီး​ကံ​ကောင်း​တယ်​ပေါ့​။ ကျ​နော်တို့​ကို ငြိမ်း​ချမ်း​ရေး​ရ​အောင် ကူညီပါ။ ကျ​နော်တို့​ ဖထီး​ကို လုံး​ဝတရား​မစွဲဘူး​။ ဒါ​တွေ​မေ့​ထား​လိုက်လို့​ အဲဒီလို ​ပြောတယ်​ပေါ့​။ အဲဒီလို​ပြောပြီး​တော့​ တရား​စွဲတဲ့​အခါကျ​တော့​ ဖထီး​က စိတ်မ​ကောင်း​တဲ့​ အခါကျ​တော့​ သူက ဘာ​ပြောလဲဆို​တော့​ ကျ​နော် ဒီငြိမ်း​ချမ်း​ရေး​ ကိစ္စအတွက် အတတ်နိုင်ဆုံး​ကူညီခဲ့​တယ် ဆိုတာကို သူက သူတို့​လည်း​ ဒီလို ကတိ​ပေး​ခဲ့​တယ် ဆိုတာကို သက်​သေပြချင်တာနဲ့​ သူတို့​ကို ​ခေါ်တာပါ။ ပယ်တဲ့​ အ​ကြောင်း​ရင်း​က​တော့​ ဦး​အောင်မင်း​က အလုပ်များ​တယ်။ အမှုကြန့်​ကြာမှာစိုး​လို့​ ဦး​အောင်မင်း​ကို ပယ်တယ်​ပေါ့​ဗျာ။ ​ထောက်လှမ်း​ရေး​အရာရှိ ၂ ​ယောက်နဲ့​ ​နေပြည်​တော်က အရာရှိကြီး​ ၂ ​ယောက် က​တော့​ နာမည် မ​ဖော်ပြနိုင်တဲ့​အတွက် ပယ်တယ်လို့​ ​ပြောတယ်။”

ပဒိုမန်း​ငြိမ်း​မောင်နဲ့​အတူ ကရင်ပြည်နယ် ဘား​အံမြို့​က ​တောင်က​လေး​ ဆရာ​တော်ဟာလည်း​ ​ကေအန်ယူနဲ့​ အစိုး​ရအကြား​ ငြိမ်း​ချမ်း​ရေး​ စကား​ပြော​အောင် ကူညီခဲ့​တယ်လို့​ ဆိုပါတယ်။

လာမယ့်​ သီတင်း​ပတ်ကျရင် ​တောင်က​လေး​ဆရာ​တော်က သက်​သေအဖြစ် ထွက်ဖို့​ စီစဉ်ထား​ပြီး​ ရုံး​ကလည်း​ ဆရာ​တော်ကြွလာရင် ခွင့်​ပြုဖို့​ ကတိပြုထား​တယ်လို့​ ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ကို အင်း​စိန်​ထောင်တွင်း​က တရား​ရုံး​မှာ နိုင်ငံ​တော်ပုန်ကန်မှု၊​ တရား​မဝင် အသင်း​အဖွဲ့​နဲ့​ ဆက်သွယ်မှု နှစ်ခုနဲ့​ တရား​စွဲဆိုထား​ပြီး​ ကြာသပ​တေး​နေ့​တိုင်း​ ရုံး​ထုတ်​နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013