DVB Logo
Home
မြန်မာသတင်း
ယမဟာကုမ္ပဏီ မြန်မာပြည်တွင် ဆိုင်ကယ်ထုတ်ရန် စီစဉ်
DVB
·
February 24, 2012
ယမဟာကုမ္ပဏီ မြန်မာပြည်တွင် ဆိုင်ကယ်ထုတ်ရန် စီစဉ်
Donate to DVB

ထိုင်း​နိုင်ငံအ​ခြေစိုက် ယမဟာ (YAMAHA) ကုမ္ပဏီဟာ တခြား​ရင်း​နှီး​မြှုပ်နှံသူ​တွေနဲ့​ ဖက်စပ်ပူး​ပေါင်း​ပြီး​ မြန်မာနိုင်ငံမှာ ​မော်​တော်ဆိုင်ကယ်​တွေ ထုတ်လုပ်​ရောင်း​ချဖို့​စီစဉ်​နေတယ်လို့​ထိုင်း​နိုင်ငံထုတ် ​နေး​ရှင်း​သတင်း​စာမှာ ​ဖော်ပြပါတယ်။

ထိုင်း​ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း​ချဲ့​ထွင်ဖို့​ကိစ္စနဲ့​ပတ်သက်ပြီး​ ဂျပန်မှာရှိတဲ့​ ပင်ရင်း​ ယမဟာ ကုမ္ပဏီနဲ့​ အ​သေး​စိတ် အစီအစဉ်​တွေ ​ဆွေး​နွေး​နေတယ်လို့​လည်း​ ဆိုပါတယ်။

ယမဟာကုမ္ပဏီရဲ့​ လုပ်ငန်း​လည်ပတ်မှုဆိုင်ရာ အရာရှိချုပ် ပရာပန် ပရွန်သနာဝါ ဆစ်က​တော့​ ကုမ္ပဏီအ​နေနဲ့​ မြန်မာနိုင်ငံမှာ ပထမဆုံး​ ထုတ်လုပ်မယ့်​နှစ်မှာ ​မော်​တော်ဆိုင်ကယ် အစီး​ရေ ၁၀,၀၀၀ ထုတ်လုပ်ဖို့​ ​မျှော်လင့်​ထား​တယ်လို့​သတင်း​မှာ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆိုင်ကယ်အ​ရောင်း​ ​ဈေး​ကွက် ကြီး​ကြီး​မား​မား​ရှိပြီး​ အလား​အလာ အရမ်း​ကောင်း​တယ်လို့​ မြင်တဲ့​အ​ကြောင်း​လည်း​ ​ပြောပါတယ်။ ဒါ​ပေမယ့်​ အစီအစဉ်​တွေ ဘယ်​တော့​ စတင် အ​ကောင်အထည်​ဖော်မယ် ဆိုတာကို​တော့​ ​ပြောမထား​ပါဘူး​။

ဂျပန်ယမဟာ ကုမ္ပဏီဟာ ထိုင်း​မှာရှိတဲ့​ ရုံး​ခွဲက​နေ အာဆီယံ​ဈေး​ကွက်မှာ ထိုင်း​နိုင်ငံအပြင် လာအိုနဲ့​ က​မ္ဘောဒီး​ယား​ နိုင်ငံ​တွေမှာပါ ထုတ်လုပ်ဖြန်ချိဖို့​ ခွင့်​ပြုထား​တာပါ။ က​မ္ဘောဒီး​ယား​မှာ ၁ နှစ်ကို ယမဟာ ဆိုင်ကယ်အစီး​ရေ ၁ ​သောင်း​ခွဲက​နေ ၂​သောင်း​ ​ရောင်း​ချ​နေပြီး​ လာအိုမှာ​တော့​ တနှစ်ကို အစီး​ရေ ၁ ​သောင်း​လောက် ​ရောင်း​ချ​နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီထက် ပိုမို ထုတ်လုပ် ​ရောင်း​ချနိုင်ဖို့​ ​မျှော်လင့်​ထား​တယ်လို့​လည်း​ ကုမ္ပဏီက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ယမဟာ ဆိုင်ကယ်ကုမ္ပဏီ ထုတ်လုပ် ဖြန့်​ချိခွင့်​ရဖို့​ အစိုး​ရက ဘယ်လို တုံ့​ပြန်မယ် မသိရ​သေး​ပါဘူး​။

တချိန်တည်း​မှာ မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​ စက်မှုလုပ်ငန်း​ရှင်များ​ အသင်း​ချုပ် (UMFCCI) ဟာ မြန်မာနိုင်ငံကို ထိုင်း​နိုင်ငံက​နေ ပစ်ကပ်ကား​ အစီး​ရေ ၆၀,၀၀၀ က​နေ ၈၀,၀၀၀ အကြား​ နှစ်စဉ်တင်သွင်း​ဖို့​ အခွင့်​အလမ်း​ ရှာ​နေတယ်လို့​ ထိုင်း​သတင်း​ ​အေဂျင်စီမှာ ​ဖော်ပြပါတယ်။

UMFCCI တွဲဖက် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ တဦး​ဖြစ်တဲ့​ ဦး​မိုး​ကျော်က ထိုင်း​ ရင်း​နှီး​မြှုပ်နှံမှုအဖွဲ့​က အကြီး​အကဲ​တွေနဲ့​ ထိုင်း​နိုင်ငံမှာ ​တွေ့​ဆုံပြီး​ ထိုင်း​က ကား​တွေ တင်သွင်း​မယ့်​ကိစ္စ ​ပြောကြား​လိုက်တာပါ။

မြန်မာ စီး​ပွား​ရေး​ ကိုယ်စား​လှယ်အဖွဲ့​ဟာ ထိုင်း​နိုင်ငံမှာ တိုယိုတာ ကုမ္ပဏီနဲ့​ အီစုဇု ကား​ကုမ္ပဏီရဲ့​ စက်ရုံ​တွေကိုလည်း​ သွား​ရောက်ခဲ့​ပြီး​ မြန်မာစီး​ပွား​ရေး​ လုပ်ငန်း​ရှင် ၄၀ ​လောက်ဟာ ထိုင်း​ကား​ပစ္စည်း​ ထုတ်လုပ်တဲ့​ကုမ္ပဏီ ၂၄ ခု​လောက်နဲ့​ ​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​တယ်လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013